iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 22, 2015

ပေါင်မြို့နယ် ဇင်းကျိုက်မြို့နှင့်ကျေးရွာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်း မှု့ကြောင့် ရေကြီးမှု ဖြစ်ပွား



 ပေါင် သြဂုတ် ၂၂

 ပေါင်မြို့နယ် ဇင်းကျိုက်မြို့နှင့် ကျေးရွာအချို့တွင် သြဂုတ်လ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇင်းကျိုက်တောင်ကြောပေါ် မှ တောင်ကျရေများတဟုန်ထိုးစီး ဆင်းလာပြီး ဇင်းကျိုက်မြို့ အနိမ့်ပိုင်း လူနေရပ်ကွက်များ! ကျေးရွာအချို့နှင် ရန်ကုန်- မော်လမြိုင် အဝေးပြေး ကားလမ်းမကြီးပေါ်တွင် ရေလွှမ်းမိုးမူများဖြစ်ပေါ်ခဲ့သည်။ ရေလွှမ်းမိုးမှုကြောင့် အဝေးပြေး ကားလမ်းမ ပေါ်တွင် ယာဉ်အသွားအလာများ ခေတ္တရပ်ဆိုင်း သွားခဲ့သည်။

အဆိုပါ ရေလွမ်းမိုးနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအဖွဲ့စည်းများရောက်ရှိ လာပြီး မော်တော်ယာဉ်နှင့် ခရီးသွားပြည်သူများ အန္တရယ် ကင်းရှင်းစေရေး အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။ အဆိုပါရေလွှမ်းမိုးမှုကြောင့် လူနှင့် တိရိစ္ဆာန် ပျက်ဆီး ဆုံးရှူံးမှုမရှိကြောင်းသိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment