iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, August 26, 2015

ဆိုနီက ထုတ်လုပ်မဲ့ ဒရုန်း (မောင်းသူမဲ့လေယာဉ်)

ပြီးခဲ့တဲ့ လအတွင်းမှာ  Sony က သူတို့ရဲ့ စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုတွေအတွက် ဒရုန်း (မောင်းသူမဲ့လေယာဉ်) ကိုထုတ်လုပ်မယ်လို့ ကြေငြာခဲ့ပါတယ်။ အခုဆိုရင် Sony က သူတို့ရဲ့ ရည်မှန်းချက်ကို တကယ်ကို အကောင်ထည်ဖော်လိုက်ပြီဖြစ်ပါတယ်။ ဆိုနီရဲ့ အစီအစဉ်တွေအရဆိုရင်တော့ အခုလို မောင်သူမဲ့လေယာဉ်ကို တီထွင်ပြီး ဈေးကွက်ထဲကို ဖြန့်ချိရခြင်းဟာ Sony products တွေကို အသုံးပြုနေကြတဲ့ User တွေအနေနဲ့ Cloud Service ကို အသုံးပြုတဲ့အခါ ဘယ်အတိုင်းအတာအထိ အသုံပြုနေကြလဲဆိုတာကို တိုင်းတာကြည့်ခြင်း ၊ စစ်တမ်းကောက်ခြင်း ၊ စူးစမ်းလေ့လာကြည့်ခြင်းတွေကို ပြုလုပ်ဖို့အတွက် မောင်းသူမဲ့လေယာဉ် ထုတ်လုပ်မဲ့ အစီအစဉ်ကို စတင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ Sony ရဲ့ မောင်းသူမဲ့လေယာဉ်ဟာ အသံငြိမ်သက်ခြင်းမရှိပါဘူး။ အရမ်းလည်း မမြန်ပါဘူး။ သို့ပေမဲ့လည်း တစ်နေရာကနေတစ်နေရာကို သွားရောက်ခြင်းက အရမ်းငြိမ့်ညောင်းလွန်းလှပါတယ်။ ဒါ့အပြင် မြေပြင်ပေါ် ပြန်လည်ဆင်းသက်တဲ့အခါမှာလည်း အရမ်းကို ညင်သာလွန်းလှပါတယ်။ ဒါကြောင့် သင်သာ မြင်ခဲ့မယ်ဆိုရင် ဆိုးကျိုးတွေကိုတောင် မကြည့်နိုင်ပဲ Sony ရဲ့ မောင်းသူမဲ့လေယာဉ်ကို လိုချင်နေမိပါလိမ့်မယ်။
Sony မောင်းသူမဲ့လေယာဉ်ကို သင်ဝယ်ယူလိုက်ပါက အဆိုး ဆုံးအနေနဲ့ပြောရမယ်ဆိုရင် အခုခေတ်ပေါ်နေတဲ့ မောင်းသူမဲ့လေယာဉ်ကို ဈေးကြီးပေးပြီးဝယ်ရတာထက်စာရင် Sony မောင်းသူမဲ့လေယာဉ်ကို ဝယ်တာမှ ပိုအဆင်ပြေပါလိမ့်မယ်လို့လည်း ပြောကြားထားပါတယ်။ ဒါပေမဲ့လည်း Sony အနေနဲ့ ယခုမောင်းသူမဲ့လေယာဉ်ကို ဘယ်သူ့ကိုမှ ရောင်းချပေးအုံးမဟုတ်သေးပဲ နောက်မှသာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ Sony မောင်းသူမဲ့လေယာဉ်မောင်းနှင်မှုကို လေ့လာလိုပါက (https://youtu.be/btT3_SR7rE0) link မှာ ဝင်ရောက်နိုင်ပါတယ်။
Ref : Mashable
Aung Ko Htet (MMAS)

No comments:

Post a Comment