iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, August 28, 2015

iOS 9 တွင် Safari လုပ်ဆောင်ချက် နှစ်ဆ ပိုမြန်လာမည်

Apple ရဲ့ iOS 9 မှာ Safari ရဲ့ လုပ်ဆောင်ချက်ဟာ ၂ဆ မြန်ဆန်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အင်တာနက် အသုံးပြုမှု Data Usage ကလည်း ယခင်ထက် ၂ ဆ သက်သာမှာ ဖြစ်ကြောင်း ဆိုပါတယ်။
Apple ရဲ့ iPhone နဲ့ iPad တို့မှာ ပါဝင်တဲ့ Safari ဟာ နှေးပြီး Google Chrome နဲ့ ယှဉ်တဲ့အခါ နှေးကြောင်း ပြောဆိုခံရမှုပေါင်း များစွာ ရှိကြ ပါတယ်။ ဒါကြောင့်မို့ ယခု iOS 9 အသစ်မှာ Safari ရဲ့ လုပ်ဆောင်ချက်ကို ပိုမို မြင့်တင်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ နောက်တစ်ခုက Wi Fi Assist ဆိုတဲ့ Feature ကြောင့် Wi-Fi နဲ့ Mobile Data ပြိုင်တူ ဖွင့်ထားတဲ့ အခါ Wi-Fi အားနည်းရင် Mobile Data ကို အသုံးပြုပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Safari ရဲ့ loading ဖြစ်မှုကို အတတ်နိုင်ဆုံး မြန်ဆန်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။
iOS 9 ကို လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ Apple ရဲ့ iPhone 6S နဲ့ 6S Plus ကို မိတ်ဆက်တဲ့အခါ iOS9 ကို pre install အနေနဲ့ ထည့်ထားပေးမှာ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMAS)

No comments:

Post a Comment