iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, August 26, 2015

iPhone 6S နဲ့ Apple Watch ကို ရွှေသွန်းပြီးသား အော်ဒါ မှာနိုင်

iPhone 6S က မထွက်သေးပါဘူး။ ဒါပေမယ့် ရွှေသွန်းထားတဲ့ iPhone 6S နဲ့အတူ Apple Watch ကိုပါ လိုချင်ရင် ဗြိတိန်အခြေဆိုက် Goldgenie က အော်ဒါတွေ လက်ခံနေပါပြီ။ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ ကနေ စလို့မှာနိုင်မှာ ဖြစ်ပါတယ်။
Apple က iPhone ထွက်တာနဲ့ Goldgenie ဟာ ဝယ်ယူပြီးတော့ 24K အရည်အသွေးရှိတဲ့ ရွှေနဲ့ သွန်းလောင်းပေးပါမယ်။ Gift Set တစ်ခုမှာ နာရီပါ ပါတာကြောင့် Apple Watch ကိုပါ သွန်းပေးပါမယ်။ နှစ်ခုစလုံး ပါဝင်တဲ့ လက်ဆောင်package တစ်ခုရဲ့ တန်ဖိုးက ဗြိတိန်ပေါင် ၄၀၀၀ ရှိပါတယ်။ ဒီတော့ ဈေးနှုန်းက နည်းတော့ မနည်းပါဘူး။ Goldgenie ဟာ iPhone 6 နဲ့ 6 Plus တုန်းကလည်း Apple Watch နဲ့အတူ ရွှေသွန်းလောင်းပြီးတော့ Gold edition များ ရောင်းချ ပါတယ်။ ဝယ်ယူအားပေးသူများလည်း များပါတယ်။
ဇိမ်ခံ အလှသုံး ပစ္စည်းတစ်ခုဖြစ်အောင် ပြောင်းလဲပေးခြင်း ဖြစ်ပြီး ကြိုက်သူ များတာကြောင့် ထွက်ရှိလာမယ့် iPhone အသစ်အတွက် ဈေးကွက် ကြိုတင် ဖွင့်ထားခြင်း ဖြစ်ပါတယ်။ ရွှေမှာတောင်မှ ရိုးရိုး ရွှေနဲ့ နှင်းဆီရွှေရောင် Rose Gold ဆိုပြီးတော့ ဝယ်သူ စိတ်တိုင်းကျ သွန်းလောင်းပေးမှာ ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:

Post a Comment