iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, August 26, 2015

iPhone 6S ကိုယ်ထည် ဗီဒီယိုထွက်ရှိ


iPhone 6Sရဲ့ ကိုယ်ထည် အစိတ်အပိုင်းဖြစ်ကြောင်း အွန်လိုင်းမှာ ပြန်နှံ့လာခဲ့ ပါတယ်။ ထူးခြားချက် အနေနဲ့ Screen Boot တက်တဲ့အခါ Apple ပန်းသီး အမှတ်တံဆိပ်လေးနဲ့ အရင်တက်တာ မဟုတ်ပဲ ဂီယာ ပုံစံလေး အရင်တက်ပါတယ်။ ဒါက အဓိက ထူးခြားပြောင်းလဲမှု ဖြစ်ပါတယ်။
screen နောက်ကျောကို ဖွင့်ပြထားပြီး အတွင်း နည်းပညာ ပြောင်းလဲမှုအချို့ကို hardware သမားများအနေနဲ့ ဆားကစ်ကို ကြည့်ရင် သိပါလိမ့်မယ်။ အဓိက အနေနဲ့ Force Touch ပါဝင်မှုကြောင့် ဟာ့ဒ်ဝဲအပိုင်းမှာ ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် Screen နဲ့ မျက်နှာပြင် ဆက်သွယ်ထားမှုကလည်း အရင်ထပ် ပိုပြီးတော့ ကျစ်လစ်ပါးလွှာကြောင်း ဖော်ပြ ထားပါတယ်။ အဓိကကတော့ screw အသုံးပြုခြင်း ရှိမရှိပါ။
ယင်း အချက်များက လွဲလို့ ကျန်တာ ဘာ ပြောင်းလဲမှု သိပ်မရှိပါဘူး။ ပုံပိုင်းဆိုင်ရာကို ပြောတာပါ။ Processor ကတော့ A9 ဖြစ်လာပြီး ကင်မရာ ပိုင်း အဆင့်မြင့်လာ ပါမယ်။ သူ့ကို အတွင်းဖွင့်ပြတဲ့ ဗီဒီယိုကို စိတ်ဝင်စားရင်https://youtu.be/1GnOW8z0cyQ မှာ ကြည့်ကြည့်ပါ။ သူ့ရဲ့ logic board အသုံးပြုထားမှုကို မြင့်တွေ့လေ့လာရမှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (MMAS)

No comments:

Post a Comment