iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 11, 2015

Apple ကုမ္မဏီက Apple TV Remote App အသစ်တစ်ခုကို ၂၀၁၆ ခုနှစ်အစပိုင်းမှာ ထုတ်လုပ်မည်



Apple ကုမ္မဏီက သိရှိသွားခဲ့တာက Apple ရဲ့ Customer တွေဟာ Apple TV အတွက် ရီမုဒ် အသုံးပြုရတာ အဆင်မပြေကြဘူးဆိုတာပါပဲ။ ဒါကို ဖြေရှင်းဖို့ ကုမ္မဏီက ကြေညာခဲ့တာကတော့ Apple ဟာ iPhone ကတဆင့် Apple TV ကိုထိန်းချုပ်နိုင်မယ့် Apple TV Remote App အသစ်တစ်ခုကို ဖန်တီးနေတယ်ဆိုတာပါပဲ။

Apple ကုမ္မဏီရဲ့ အင်တာနက်ဆော့ဖ်ဝဲလ်နဲ့ ၀န်ဆောင်မှု ဌာနရဲ့ အကြီးတန်း ဒု-ဥက္ကဌ Eddy Cue က ပြောခဲ့တာကတော့ Apple TV အတွက် iOS Remote App ကို ၂၀၁၆ ခုနှစ် အစပိုင်းမှာ ထုတ်လုပ်သွားမယ်ဆိုတာပါ။သူက ထပ်မံဖြည့်သွင်းပြောပြခဲ့တာကတော့ ထို Remote App ဟာ Apple TV ၀ယ်ယူရင် ပူးတွဲ ရရှိတဲ့ Remote လိုပဲ လုပ်ဆောင်ချက်တွေ ရှိတယ်လို့လည်း သိရပါတယ်။

"ငါတို့ဟာ SiRi ရီမုဒ်လိုပဲ မင်းရဲ့ iPhone ပေါ်ကနေ လုပ်ဆောင်ချက်အပြည့်အ၀ ရရှိစေမယ့် Apple TV ရီမုဒ် App အသစ်တစ်ခုအတွက် လုပ်ဆောင်နေပါတယ်" လို့ Cue က တရားဝင်ပြောကြားခဲ့တာဖြစ်ပါတယ်။

Siri ဆိုတာကတော့ စတုထ္ထမျိုးဆက် Apple TV ရဲ့ အကြီးမားဆုံး လုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ Siri ကိုတော့ စက်တင်ဘာလက ကုမ္မဏီ ရဲ့ အခမ်းအနားမှာ စတင်မိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ကုမ္မဏီဟာ ဒီတစ်ပတ်အစောပိုင်းကလည်း tvOS9.1 ဆိုတဲ့ စနစ်တစ်ခုကို ထုတ်လုပ်ခဲ့ပြီး ထိုစစန်ဟာ အသုံးပြုသူတွေကို ရီမုဒ် App အလွယ်တကူ သုံးနိုင်စေခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ Apple TV အတွက် အသုံးပြုနိုင်တဲ့ App အသစ်ပေါင်း ၂၀၀၀ ကျော်ခန့် ထွက်ပေါ်ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

( Mario )

No comments:

Post a Comment