iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, February 24, 2016

Andriod ဖုန်းဘုရင်လို့ တင်စားထားတဲ့ Xiaomi Mi 5


ဘာစီလိုနာမြို့မှာ ပြုလုပ်လျက်ရှိနေတဲ့ ကမ္ဘာ့မိုဘိုင်းကွန်ဂရက်မှာတော့ တရုတ်နာမည်ကျော်ဖုန်းကုမ္ပဏီ Xiaomi ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် Mi 5 ဖုန်းကို မိတ်ဆက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ Android ဖုန်းတွေရဲ့ နောက်ဆုံးပေါ်ထိပ်တန်းဖုန်းတစ်လုံးအဖြစ် Xiaomi Mi 5 ဟာ ရောင်းအားအကောင်းဆုံးဖုန်းတစ်လုံးဖြစ်လာနိုင်တယ်လို့လည်း ထင်ကြေးပေးမှုတွေ ပြုလုပ်နေပါတယ်။ 

LG G5 နဲ့ Samsung ရဲ့ Galaxy S7 တို့က ရှေ့ပြေးထွက်ရှိပြီး လွှမ်းမိုးထားချိန်မှာ Xiaomi က အားလုံးအံ့အားသင့်သွားစေမယ့် စွမ်းဆောင်ချက်တွေနဲ့ Mi 5 ကို မိတ်ဆက်လိုက်တာဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအနေအထားအရတော့ Mi 5 ဟာ သုံးစွဲသူတွေကြားမှာ လူကြိုက်များခဲ့တဲ့ Mi Note ဖုန်းတွေရဲ့ ပုံစံလိုမျိုး ထောင့်ကွေးအနေအထားနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ 



၅.၁၅ လက်မ အကျယ် မျက်နှာပြင်မှာ IPS display နဲ့အတူ 1080p လိုမျိုးကြည်လင်တဲ့ မျက်နှာပြင်ပြသမှုကို အသုံးပြုထားပြီး မျက်နှာပြင်ကို ပိုပြီး လင်းထင်းစေမယ့် ultra-bright 16-LED နောက်ခံအလင်းနည်းပညာကို အသုံးပြုထားပါတယ်။ ဒါ့အပြင် နေရောင်ခြည်ထဲကို ရောက်ရှိသွားတဲ့အခါမှာ pixel တစ်ခုချင်းစီအလိုက် ချိန်ညှိပေးနိုင်မယ့် Sunlight Display ကိုလည်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ 

နောက်ထပ်ထူးခြားလာတာတစ်ခုကတော့ Xiaomi ဖုန်းတွေမှာ ပထမဆုံးပါဝင်တဲ့ လုပ်ဆောင်ချက်ဖြစ်လာမယ့်  home button ကိုလည်း Mi 5 မှာ ထည့်သွင်းထားတာပါ။ Fingerprint reader တစ်ဖြစ်လဲ ဒီရဲ့ button က အလုပ်လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Mi Note ဖုန်းတွေထက် မဆိုစလောက် ပိုထူလာတဲ့ Mi 5 ဟာဆိုရင်တော့ အလေးချိန် ၁၂၉ ဂရမ်ရှိပြီး ဖန်သားကိုယ်ထည်မှာတော့ 3D ဖန်သားကို အသုံးပြုထားတယ်လို့ သိရပါတယ်။ 

ရိုးရိုး Mi 5 မှာတော့ ကိုယ်ထည်ဟာ ဖန်သားဖြစ်ပေမယ့်လည်း Mi 5 Pro မှာတော့ ကြွေနဲ့ ပြုလုပ်ထားတဲ့ အထူးကိုယ်ထည်ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဖုန်းမှာဆိုရင်တော့ အလုပ်လုပ်နှုန်းဟာ Qualcomm Snapdragon 820 SoC ချစ်ပ်ကို အသုံးပြုထားတာကြောင့် အရင်ဖုန်းတွေထက်စာရင်တော့ အတော်လေးကို မြန်ဆန်လာတာကို သတိထားမိပါလိမ့်မယ်။

Mi 5 မှာတော့ ကင်မရာပိုင်းဟာ အရမ်းကို ကောင်းမွန်လာတာကို တွေ့ရပါတယ်။ Sony ရဲ့ နည်းပညာကို အသုံးပြုထားတဲ့ 16 MP ကင်မရာနဲ့ အလင်းဝင်အားပိုကောင်းစေမယ့် f/2.0 အလင်းဝင်ပေါက်ကို အသုံးပြုထားပါတယ်။ ပုံရိပ်တွေကို အကောင်းဆုံး ဖမ်းယူနိုင်ဖို့အတွက် ဝင်ရိုးလေးခုနဲ့ ထိန်းညှိပေးမယ့် နည်းပညာသစ်ကိုလည်း Mi 5 ရဲ့ ကင်မရာမှာတွေ့ရပါတယ်။ 

Sony ရဲ့ IMX 298 ကင်မရာ sensor ကိုအသုံးပြုထားတာကြောင့် ပုံရိပ်ကို အလိုအလျောက် ပစ်မှတ်ထားပေးမှာဖြစ်ပြီး ပုံရိပ်ရဲ့ pixel တစ်ခုချင်းစီအလိုက် သီးသန့် ပြုပြင်သွားမှာလည်း ဖြစ်ပါတယ်။ ဒီလို ကင်မရာဟာဆိုရင်တော့ 4K ဗီဒီယိုတွေကို ရိုက်ကူးနိုင်ဖို့အထိကို အားပေးထားပြီး အကြည်လင်ဆုံးနဲ့ ဖြစ်နေမယ့် ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။ Selfie ကင်မရာအနေနဲ့တော့ 4 MP ရှိမှာဖြစ်ပါတယ်။


Entry လို့ ပြောထားတဲ့ Mi 5 ရဲ့ အခြေခံမော်ဒယ်မှာတော့ ပါရင်းစွဲ သိုလှောင်နိုင်မှုပမာဏ 32 GB , ပရော်ဆက်ဆာ အမြန်နှုန်း 1.8 GHz နဲ့ RAM 3 GB အထိပါဝင်လာမှာဖြစ်ပါတယ်။ သိုလှောင်နိုင်မှုပမာဏ 64 GB ရှိတဲ့ ဖုန်းမှာတော့ ပရော်ဆက်ဆာ အမြန်နှုန်း 2.15 GHz ဆိုပြီး ကွဲပြားသွားမယ်လို့ ဖော်ပြထားပါတယ်။ 

Mi 5 Pro မှာတော့ RAM 4 GB နဲ့အတူ ပါရင်းစွဲ သိုလှောင်နိုင်မှုပမာဏ 128 GB ကို UFS 2.0 memory နဲ့ ထောက်ကန်ပေးပြီး ဖုန်းရဲ့ သိုလှောင်နိုင်မှုကို ၈၀ ရာနှုန်းအထိ အရေးပါပါနဲ့ ချဲ့ထွင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။  Mi 5  မှာဆိုရင်တော့ 3000 mAh ရှိတဲ့ ဘက်ထရီကိုအသုံးပြုထားပြီး ဘက်ထရီကို အမြန်ဆုံးအားသွင်းနိုင်မယ့် နည်းပညာကိုလည်း အံ့အားသင့်ဖွယ် အားသွင်းမြန်နှုန်းနဲ့ တွေ့ရပါလိမ့်မယ်။

Mi 5 ရဲ့ နက်ဝပ်ချိတ်ဆက်မှုမှာတော့ 4 G စနစ်ကို ထောက်ပံ့ပေးထားကို တွေ့ရပါတယ်။ 

ဒါ့ကြောင့် Mi 5 ကတော့ အကောင်းဆုံးနည်းပညာတွေနဲ့ Android ဖုန်းလောကကို စိန်ခေါ်လိုက်ပြီလို့ ထင်ပါတယ်။


( Paing A K )

No comments:

Post a Comment