iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, February 24, 2016

Facebook ရဲ့ Live Video ထုတ်လွှင့်မှုကို လူတိုင်းအသုံးပြုနိုင်တော့မည်



စတင်မိတ်ဆက်ချိန်ကတော့ နာမည်ကျော်ကြားသူတွေ ၊ Facebook ရဲ့ verify ပြုလုပ်ခံထားရတဲ့သူတွေနဲ့ အမေရိကန်နိုင်ငံသားတွေမှာသာရရှိနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Facebook ရဲ့ Live Video ထုတ်လွှင့်မှုကိုတော့ နိုင်ငံတကာက အသုံးပြုသူတွေအတွက်ပါ ရရှိနိုင်တော့မယ်လို့ သိရပါတယ်။ 

သုံးစွဲသူတွေကို အမြဲလိုလို လုပ်ဆောင်ချက်အသစ်တွေကို ပေးစွမ်းနေတဲ့ Facebook ဟာဆိုရင်တော့ အခုနောက်ထပ်ထွက်ရှိလာတဲ့ ဗားရှင်းအသစ်မှာ ဒီလုပ်ဆောင်ချက်ကိုထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရတော့ ဒီလုပ်ဆောင်ချက်ဟာ ဥရောပတစ်ခွင်နဲ့ အာဖရိက က အသုံးပြုသူတွေဆီမှာ တွင်ကျယ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ 

Live Video ထုတ်လွှင့်မှုချင်ရင်တော့ သင့်ရဲ့ status တင်တဲ့ ဘားမှာ လူပုံစံနဲ့ Live Video icon တစ်ခုပါဝင်လာမှာဖြစ်ပြီး အလွယ်တကူပဲ ထုတ်လွှင့်နိုင်မှာဖြစ်ပါတယ်။ Facebook ကတော့ သင်ရောက်နေတဲ့ နေရာသစ်တစ်ခုကို တခြားအသုံးပြုသူတွေနဲ့ အတူတူ ပျော်ရွှင်နိုင်စေဖို့ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းထားတာဖြစ်တယ်လို့လည်း သိရပါတယ်။


( Paing A K )

No comments:

Post a Comment