မန်စီးတီးအသင်းကတော့ ဂျူဗင်တပ်အသင်းနဲ့အပြိုင် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကို ကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်အသင်းနဲ့အပြိုင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ အစ္စကိုဟာဆိုရင်တော့ နည်းပြသစ် ဇီဒန်းရဲ့လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ဘာနေဗျုးကွင်းကနေ အဝေးကို ထွက်ခွာချင်လျက်ရှိနေတယ်လို့ သိရပါတယ်။
အစ္စကိုဟာဆိုရင်တော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလျက်ရှိနေပြီး အေးဂျင့်ဖြစ်သူက သင့်တော်မယ့် အသင်းတစ်သင်းသင်းကို ရှာဖွေပေးလျက်ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အစ္စကိုဟာ စိတ်ပျက်လျက်ရှိနေပြီး ပုံမှန်ပွဲထွက်ခွင့်တစ်နေရာကို အာမခံနိုင်မှသာ အသင်းမှာ ဆက်ရှိနေဖွယ်ရှိနေတာပါ။
အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ခြေစွမ်ကောင်းကစားသမားဟာဆိုရင်တော့ ဂွာဒီယိုလာနည်းပြဖြစ်လာမယ့် မန်စီးတီးကို ပိုမိုသဘောကျဖွယ်ရှိနေပြီး မက်ဒရစ်ကို စွန့်ခွာဖို့ ဝန်လေးဖွယ်မရှိဘူးလို့ သိရပါတယ်။
ဂျူဗင်တပ်အသင်းကတော့ အစောပိုင်းကာလတွေမှာ အစ္စကို ကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းနေခဲ့ပြီး နောက်ပိုင်းမှာ မန်စီးတီးအသင်းကလည်း စိတ်ဝင်စားလာတာဖြစ်ပါတယ်။ အစ္စကိုဟာဆိုရင်တော့ စာချုပ် လျော်ကြေးအပါအဝင်အနည်းဆုံး ပေါင်သန်းနှစ်ဆယ်ရှိနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။
( Paing A K )
Wednesday, March 30, 2016
မန်စီးတီးအသင်းက ရီးရဲလ်ကွင်းလယ်လူ အစ္စကို ကို ဂျူဗင်တပ်အသင်းနှင့် အပြိုင်ကမ်းလှမ်းရန်စီစဉ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment