iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, June 21, 2016

WWDC ပွဲမှာ ကြော်ငြာခဲ့တဲ့ Apple အသစ်အသစ်သော လုပ်ဆောင်ချက်များ

ဇွန်လ ၁၃ ရက်နေ့မှာ ကျင်းပပြုလုပ်သွားတဲ့ WWDC ပွဲမှာ Apple အနေနဲ့ သူတို့ရဲ့ Software အသစ်တွေ၊ Feature အသစ်တွေကို Developer တွေအတွက်နဲ့ Apple အသုံးပြုသူတို့အတွက် ထုတ်ပြန်ကြေငြာမိတ်ဆက်ပေးသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ Apple အနေနဲ့ ကဏ္ဍပေါင်းစုံမှာ ပါဝင်မဲ့ Feature အသစ်များကို ဖော်ပြမိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ အချက်တွေကတော့ Mac, iPhone, Watch နဲ့ TV အစရှိတဲ့ Devices များမှာ အသုံးပြုနိုင်မဲ့ Siri နဲ့ imessage တို့လို့ ဝန်ဆောင်မှုတွေကို Developer တွေဆီသို့ မိတ်ဆက်ပြသပေးခဲ့ပါတယ်။ အထူးသဖြင့်တော့ OS ဗားရှင်းအသစ်များကို မိတ်ဆက်ပေးခဲ့ပြီး Developer များ Application ဖန်တီးရန်အတွက် Beta ဗားရှင်းကိုလည်း ထုတ်လုပ်ပေးခဲ့ပါတယ်။
အခမ်းအနား အဖွင့်အနေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ အကြောင်းအရာကတော့ Siri ပဲဖြစ်ပါတယ်။ Apple အနေနဲ့ Siri ကို iPhone မှာသာ အသုံးပြုခွင့်ပေးထားသော်လည်း လက်ရှိအချိန်မှာတော့ Desktop မှာပါ အသုံးပြုခွင့်ရရှိတော့မှာဖြစ်ပြီး Apple Pay ကိုလည်း Safari ပေါ်မှာ အလွယ်တကူ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အပြောင်းအလဲတွေ များစွာပြုလုပ်ထားတဲ့ Apple ဟာ iOS ရဲ့ Lock Screen နဲ့ Notification ဒီဇိုင်းကိုအသစ်ပြန်လည် ဖန်တီးထားပါတယ်။ နောက်ထပ်ပြောင်းလဲမှုတွေအနေနဲ့ကတော့ Siri ကို အမိန့်ပေးရတာ ပိုမိုမြန်ဆန်လာပြီး Apple Watch, Apple News, Music, Maps နဲ့ အခြား ဝန်ဆောင်မှုများကလည်း ဒီဇိုင်း အသစ်တွေပြောင်းလဲလာခဲ့ပါတယ်။
Apple ဟာ Mac OS အတွက် ဗားရှင်းအသစ်ကို Sierra လို့ အမည်ပေးထားပါတယ်။ Beta ဗားရှင်းကို ဇူလိုင်လလောက်မှာ ထုတ်ပေးမှာဖြစ်ပြီး MacOS အနေနဲ့ အခြား iDevices များနဲ့လည်းတွဲဖက်ပြီး ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြား Apple Device များရဲ့ ဒေတာတွေကို iCould ပေါ်တင်ပြီး Mac Desktop ပေါ်ကို ပြန်လည် ကူးယူကာ အသုံးပြုနိုင်ပါတယ်။ အခြား Update ဖြစ်တဲ့ အချက်တွေကတော့ iCloud ရဲ့ သိုလှောင်သိမ်းဆည်းမှု ပမာဏကို တိုးမြှင့်ထားခြင်း၊ Apple Watch ကို အသုံးပြုကာ Mac ကို Unlock ပြုလုပ်ခြင်းတွေဖြစ်ပါတယ်။
Siri ဟာ Mac OS ဗားရှင်းအသစ်ဖြစ်တဲ့ Sierra ပေါ်မှာ ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။ Mac မှာ အသုံးပြုနေတဲ့ Spotlight ကိုလည်း Siri နဲ့ ခိုင်းစေနိုင်သလို၊ အခြား File တွေကိုရှာဖွေခြင်း၊ Website တွေရှာဖွေခြင်း၊ Message တွေပေးပို့ခြင်း နဲ့ အခြား Siri function တွေကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Ref: TheVerge

No comments:

Post a Comment