iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, March 17, 2017

အကောင်းဆုံး စွမ်းဆောင်ချက်တွေနဲ့ KASPERSKY INTERNET SECURITY 2017


ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

ကွန်ပျူတာကို သုံးနေသရွေ့ အင်တာနက်နှင့် မကင်းနိုင်သရွေ့ Antivirus Software ကောင်းကောင်း တစ်ခုလိုသည်။ Antivirus သည် မိမိ၏ ကွန်ပျူတာအား အဝေးမှ အလစ်အငိုက်ဝင်မည့် ဖောက်ထွင်း လမ်းကြောင်း များအား စောင့်ကြည့်မပေးနိုင်။ ထို့ပြင် ကွန်ပျူတာထဲ၌ malware များ ဝင်ရောက်ခိုအောင်းနေ ပါကလည်း ယင်းတို့က အပြင်ဖက်ရှိ ဟက်ကာလမ်းကြောင်းတို့အား ရှာဖွေချိတ်ဆက်ခြင်းမျိုး ရှိတတ်သေး သည်။ ထို့ကြောင့် ကွန်ပျူတာဖောက်ထွင်းမခံရလိုပါက OS ကို စီးနင်းမခံရလိုပါက ကွန်ပျူတာနှင့် အင်တာနက်အကြား ချိတ်ဆက်သည့် အတွင်းအပြင်ဆက်ကြောင်းများကို စောင့်ကြည့်ပိတ်ဆို့နိုင်ဖို့လည်း လိုသည်။ 


Antivirus အလုပ်ကို လုပ်ပေးနိုင်သည်သာမက တရားမဝင်ချိတ်ဆက်နေ သော အတွင်းအပြင်ဆက်ကြောင်းများကို စောင့်ကြည့်အသိပေးနိုင်သည့် Firewall လုပ်ငန်းစဉ်ပါလုပ်ပေးနိုင်သော Internet Security Software တို့သည် ကွန်ပျူတာလုံခြုံရေးအတွက် ပို၍ကောင်းမွန်သည်။ နှစ်စဉ် Internet Security Software ပေါင်း တစ်ဒါဇင်ထက်မနည်းထွက်သည်။ ထွက်သမျှသော Software တိုင်းသည် ကွန်ပျူတာလုံခြုံရေးကို အပြည့်အဝ တာဝန်မယူနိုင်ပါ။ အပြည့်အဝနီးပါး တာဝန်ယူနိုင်သော Software လေးမျိုးလောက်သာရှိသည်။ ယင်းလေးမျိုးထဲတွင် Kaspersky Internet Security Software ပါဝင်ပါသည်။


၂ဝ၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့သော Kaspersky 2016 Suite သည် Security Suite Labs များဖြင့် စမ်းသပ်စစ်ဆေးချက်အရ အကောင်းဆုံးအဆင့်ကို ရရှိခဲ့ပါသည်။ အမှားအယွင်းကင်းသော စွမ်းဆောင်ရည်နှင့် Virus signature ပေါ်မမှီခိုသော စမ်းသပ်စစ်ဆေးချက်များကို ကောင်းစွာ ကျော်ဖြတ် နိုင်ခြင်းတို့က Kaspersky အား အကောင်းဆုံးအဆင့်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၂ဝ၁၆ Kaspersky internet security က ကောင်းသလို ၂ဝ၁၇ internet security ကလည်း ကောင်းခြင်းအင်္ဂါများစွာကို သယ်ဆောင်လာခဲ့ပါသည်။ မကြာသေးခင်က AV-Test-org က စမ်းသပ်ခဲ့သော malware စမ်းသပ်ချက်မျိုးစုံတွင် Kaspersky internet security 2017 သည် ပြီးပြည့်စုံအောင်စွမ်းဆောင်နိုင်သည့်အတွက် ရမှတ် ၁ဝဝ အပြည့် ရရှိခဲ့ပါသည်။


အလွန်နာမည်ကြီးသော malware များကို ဆန့်ကျင်ပိတ်ဆို့နိုင်သည်သာမက Virus signature နှစ်လစာလွတ်နေသည့်ကြားမှ မမြင်ဘူးသေးသည့် malware များကို အောင်မြင်စွာပိတ်ဆို့နိုင်ခဲ့ပါသည်။ ယင်းစမ်းသပ်ချက် များကို ကျော်ဖြတ်ရာတွင် မှားယွင်းဆုံးဖြတ်မှုကင်းရှင်းစွာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ Kaspersky ၏ အခြားသော အားသာချက်မှာ resource စားသုံးမှုနည်းခြင်းကြောင့် System performance အပေါ် ထိခိုက်မှုအလွန်နည်းပါးခြင်းဖြစ်သည်။ သို့ရာတွင် website နှင့် application များအား scan လုပ်ရာ၌မူ ထိုက်သင့်အားလျော်သော ဝန်ထုပ်ဝန်ပိုးရှိပါသည်။ 


Windows 7 ပေါ်တွင်စမ်းသပ်သည့်အခါ web-page loading time တွင် ၇% နှေးကွေးသွားပြီး application များအား scan လုပ်ရာတွင် ကွန်ပျူတာ စွမ်းဆောင်ရည် ၅% ကျဆင်းကြောင်း တွေ့ရပါသည်။ ဤမျှလောက် ထိခိုက်ခြင်းသည် Windows ထဲတွင် Microsoft က တစ်ပါတည်း ထည့်သွင်းပေးလိုက်သော Microsoft Security Essential (MSE) ကြောင့် ထိခိုက်သည်ထက်စာလျှင် များစွာသက်သာနေပါသေးသည်။ MSE သည် ကွန်ပျူတာအပေါ် ဝန်ထုပ်ဝန်ပိုးနည်းပါးသော antimalware app ဖြစ်သည်ဟု ပညာရှင်များက ယူဆထားကြပါသည်။ MSE ကြောင့် Web-page loading တွင် ၁၂% နှေးကွေးမှုရှိပြီး app scanning တွင် ကွန်ပျူတာ၏စွမ်းဆောင်ရည်ကျဆင်းမှု ၈% ရှိပါသည်။
Kaspersky သည် သုံးစွဲသူနှင့်လွန်စွာရင်းနှီးလွယ်သော user interface ရှိသည်။ သို့သော် အထဲတွင်ပါဝင်သော စွမ်းဆောင်ရည်အသစ်တို့ကို တွေ့မြင်ရန်အတွက် အတော်လေးကြိုးစားရပါလိမ့်မည်။ အပြင်ပန်း အသွင်အပြင်အားဖြင့်ကြည့်လျှင် ၂ဝ၁၆ Kaspersky နှင့် ၂ဝ၁၇ Kaspersky တို့သည် ပုံစံခြင်းတစ်ထပ်တည်းနီးပါးတူသည်။ Icon အနည်းငယ်ကိုသာ နေရာအရွှေ့အပြောင်း ပြုလုပ်ထားပါသည်။ ပင်မစွမ်းဆောင်ချက်ဖြစ်သည့် Safe Money Secure browser နှင့် Perenteral Control တို့သည် စွမ်းဆောင်ရည်အပြောင်းအလဲ လုံးဝပြုလုပ်ထားခြင်းမရှိပါ


Kaspersky တွင်အသစ်ပါဝင်လာသည်မှာ Software Cleaner Function ဖြစ်သည်။ ယင်းကို Mira Tools ခေါင်းစဉ်အောက်တွင်မြှုပ်၍ ထည့်သွင်းထားပါသည်။ မိမိမသိဘဲ ထည့်သွင်းခံရသော program များကို ရှာဖွေဖယ်ရှားရန် ယင်း function က စွမ်းဆောင်ပေးနိုင်သည်။ ထို့ပြင် မိမိအသုံးနည်းသော Program များကိုလည်း ရှာဖွေဖော်ထုတ် ပြသပေးနိုင်ပါသည်။ သို့ဖြစ်၍ အသုံးမရှိသော သို့မဟုတ် မလိုအပ်သော Software များကို ဖော်ထုတ်ဖယ်ရှားပြီး နေရာလွတ်များကို ပြန်လည်ရယူနိုင်သည်။ ထို့ပြင် အသင့်ထည့်ပေးထားသော new software update က update လုပ်ဖို့ လိုနေသော အဟောင်းများကို ဖော်ထုတ်ပြသပေးနိုင်ပါသည်။ လုံခြုံရေးအကြောင်းကြောင်း သို့မဟုတ် feature ပိုမိုစုံလင်သောကြောင့် software update ပြုလုပ်ရန်လိုပါက အသုံးတည့်ပါလိမ့်မည်။ 


အထူးခြားဆုံး စွမ်းဆောင်ရည်အသစ်မှာ secure connection VPN service ဖြစ်သည်။ VPN က မိမိ၏ internet traffic အား encrypt လုပ်ပေးပြီး လုံခြုံစိတ်ချရသော Third party relay လမ်းကြောင်းမှ သွားစေခြင်းဖြင့် သုံးစွဲသူ၏ အွန်လိုင်း privacy ကို ထိန်းသိမ်းပေးပါသည်။ VPN ကို ဖွင့်ထားမည်ဆိုပါက မိမိအား ထောက်လှမ်းရန် ကြိုးစားသူက မိမိမည်သည့် website သို့ ချိတ်ဆက်နေမှန်း မသိနိုင်ပါ။ မိမိအား အင်တာနက်ဝန်ဆောင်မှုပေးသည့် ISP သည်ပင်လျှင် မိမိနှင့် VPN တို့အကြား အပြန်အလှန်သွားနေသည့် encrypted data string ကိုသာ တွေ့နိုင်ပါသည်။ မိမိဝင်ရောက်ချိတ်ဆက်နေသော website သည်ပင်လျှင် မိမိ၏မူလတည်ရာအစစ်အမှန်ကို မသိနိုင်သည့်ပြင် မိမိအား အွန်လိုင်းမှ နောက်ယောင်ခံလိုက်နိုင်သည့် အစွမ်းသတ္တိလည်း ကျဆင်းသွားပါသည်။


သို့ရာတွင် Kaspersky ၏ VPN သည် ကန့်သတ်ချက်များရှိပါသည်။ Kaspersky ၏ လိုင်စင်အရ တစ်နေ့လျှင် encrypted data 200 MB သာ သုံးခွင့်ရှိပါသည်။ သာမန်အသုံးအတွက်မူ ယင်းက လုံလောက်ပါသည်။ သို့သော် တစ်နေ့လုံး VPN ဖွင့်၍ သုံးမည်ဆိုလျှင် လုံလောက်မည်မဟုတ်ပါ။ မိမိ၏ အင်တာနက်ချိတ်ဆက်ရာလမ်းကြောင်းသည်လည်း UK အခြေပြု server များကိုသာ သုံးပါသည်။ ထို့ကြောင့် ဒေသအခြေပြုအဖြစ် ကန့်သတ်ထားသော website များသို့ ဝင်ရောက်ခွင့်မပြုပါ။ တစ်နှစ်တာအတွက် ပေါင် ၂ဝ ပေးလျှင် အကန့်အသက်မဲ့ VPN data သုံးစွဲခွင့်ရပါမည်။ ထို့ပြင် နိုင်ငံပေါင်း ၁၈ နိုင်ငံတွင် အခြေပြုသော server များကို သုံးခွင့်ရမည်ဖြစ်၍ အကန့်အသတ်ရှိသော server များကို သုံးခွင့်ရမည်ဖြစ်၍ ဒေသအကန့်အသတ်ရှိသော website များသို့ ပါဝင်ရောက်ခွင့်ရသွားစေပါသည်။


VPN သုံးသဖြင့် secure connection ရသည်ဟုဆိုသော်လည်း ယင်း VPN ကို Kaspersky ကိုယ်တိုင်စီမံခန့်ခွဲသည် မဟုတ်ပါ။ အွန်လိုင်းတွင် နာမည်ကျော်ဖြစ်သည့် Hot spot shield VPN အား လိုင်စင်ကြေးဖြင့် ရယူအသုံးပြုခြင်းဖြစ်ပါသည်။ ယင်း VPN သည် အမေရိကန်ပြည်ထောင်စုတွင် အခြေပြုပါသည်။ Kaspersky internet security 2017 သည် တော်လှန်ပြောင်းလဲထားသော software မဟုတ်ပါ။ Feature အသစ် အနည်းငယ်မျှသာ ပါဝင်ပါသည်။ သို့သော် ပထမတန်း Internet Security package တစ်ခုတွင် ပါသင့်ပါလိုက်သော အရာအားလုံး ပါဝင်သည်။ ကွန်ပျူတာနှင့် အင်တာနက်လုံခြုံရေးကို အလေးထားသူတိုင်းအတွက် Kaspersky internet security 2017 သည် လူတိုင်းအတွက် ပြီးပြည့်စုံသော Software တစ်ခုဖြစ်ပါသည်။ နောက်ထပ်အားသာချက်တစ်ခုမှာ ၂ဝ၁၆ ခုနှစ်ထုတ် kaspersky ကို အခပေးဝယ်ထားသူများအနေဖြင့် ၂ဝ၁၇ ခုနှစ်ထုတ် kaspersky internet security 2017 ကို အခမဲ့ update ပြုလုပ်ခွင့်ရှိခြင်းပါတည်း

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment