iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, March 15, 2017

Only the Strong ( 1993 )မြန်မာစာတန်းထိုး

Only the Strong ( 1993 )မြန်မာစာတန်းထိုး
(619.4 MB)
ငယ်စဉ်ကလေးဘ၀တုန်းက ကျွန်တော်တို့ပါးစပ်ဖျားထက်မှာစွဲခဲ့တဲ့ပါရာနာဝေးလို့လူသိများခဲ့တဲ့ Only the strong ဇာတ်ကားဟာဆိုရင် 1993 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီးIMDb rating 6.7 အထိရရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်…မင်းသားကြီး Mark Dacascos နဲ့ မင်းသမီးStacey Travis တို့အဓိကသရုပ်ဆောင်ထားပြီးGeoffrey Lewis နဲ့ Paco Christian Prieto တို့အပြင် သရုပ်ဆောင်များစွာပါဝင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ လူးဝစ်စတီဗင် (Mark Dacascos) ကသူ့ဒေသကနေ နှစ်အတော်ကြာခွဲခွာပြီးစစ်သားတစ်ယောက်အဖြစ်တာဝန်ထမ်းနေရာကသူ့ဒေသ ဖလော်ရီဒါပြည်နယ်ကိုပြန်ရောက်လာတယ်…သူတက်ခဲ့တဲ့လင်ကွန်အထက်တန်းကျောင်းက ဆရာ့ဆီမှာအကူအညီတောင်းဖို့သွားရင်းကနေ သူ့ကျောင်းကကျောင်းသားတွေက ဆေးစွဲ အကြမ်းဖက်ဂိုဏ်းတွေနဲ့ပေါင်းပြီးဆိုးသွမ်းပျက်စီးနေကြတာ တွေ့လိုက်ရတယ်…အဲ့ကျောင်းမှာ ဆရာပြန်လုပ်ဖြစ်ရာက ကလေးတွေကိုစိတ်ပိုင်းဆိုင်ရာပြုပြင်မှုတွေလုပ်ပေးခဲ့တယ်…Capoeira ဆိုတဲ့ ဘရာဇီးရိုးရာသိုင်းပညာနဲ့ကလေးတွေပျက်စီးမှုရဲ့အဓိကတရားခံဖြစ်တဲ့ မူးယစ်ဆေးဈေးကွက်ကိုအုပ်စိုးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဆေးလ်ဗရီယို (Paco Christian Prieto) ကိုဘယ်လိုတွန်းလှန်ဖို့ကြိုးစားခဲ့လဲဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်…ဆရာတပည့်ချစ်ခြင်းမေတ္တာတွေနဲ့ လူငယ်တွေကိုပြုပြင်ပေးတဲ့ကားကောင်းလေးတစ်ကားဖြစ်လို့ နှစ်သက်ကြမယ်ထင်ပါတယ်

No comments:

Post a Comment