Apple ရဲ့အဓိက၀င်ငွေရှာပေးနေတဲ့ပစ္စည်းမဟုတ်တော့သော်လည်း Apple ဟာ iPod မျိုးဆက်ကိုထပ်မံအဆင့်မြှင့်ထုတ်လိုက်ပြန်ပါပြီ။ iPod touch 6 လို့အမည်ပေးထားပါတယ်။ iPod touch 5 နဲ့ဒီဇိုင်းအသွင်အပြင်အားဖြင့် များစွာကွာခြားခြင်းမရှိပေမယ့် အတွင်း Hardware ပိုင်းတွေကိုတော့ တော်တော်လေးအပြောင်းအလဲလုပ်ထားတာပါ။ iPhone 6 မှာအသုံးပြုထားတဲ့ A8 CPU ၊ RAM 1GB ၊ 8 Megapixel Camera စတာတွေကိုအသုံးပြုထားပြီး ယင်း iPod touch 6 တွေဟာ iOS 8.4 နဲ့ထွက်ရှိလာမှာပါ။ အရောင်အနေနဲ့ကတော့ ၆ မျိုးထုတ်လုပ်ထားပြီး Silver ၊ Gold ၊ Space Gray ၊ Pink ၊ Blue ၊ Red စတဲ့အရောင်တွေနဲ့ရွေးချယ်ဝယ်ယူရရှိနိုင်မှာပါ။ Storage ကိုလည်း 16 GB ၊ 32 GB ၊ 64 GB ၊ 128 GB စတဲ့ Storage ၄ မျိုးထုတ်လုပ်ထားပါတယ်။ iPhone 6 မှာတော့ Storage အနေနဲ့ 16 GB , 64 GB , 128GB သုံးမျိုးသာထုတ်လုပ်ခဲ့ပြီး ယခု iPod touch 6 မှာတော့ 32 GB ပါ ပြန်လည်ပါဝင်လာတာကြောင့် နောက်ထွက်လာမယ့် iPhone မျိးဆက်သစ်တွေမှာလည်း 32 GB Model ပြန်လည်ပါဝင်လာဖွယ်ရှိပါတယ် ။ iPod touch 6 ဈေးနှုန်းေ တွကတော့ 119$ (16GB) ၊ 249$ (32GB) ၊ 299$ (64GB) ၊ 399$ (128GB) ဖြစ်ပါတယ်။ iPod touch 6 တွေကို လက်ရှိ iOS 8.4 ကို Jailbreak လုပ်လို့ရတဲ့ TaiG,PP စတဲ့ Jailbreak Tool တွေနဲ့ Jailbreak ပြုလုပ်နိုင်ပါတယ်။iOS System နဲ့ iOS အတွက် ထွက်ရှိထားတဲ့ app,game တွေကိုသုံးချင်တယ် ၊ သီချင်းနားထောင်ရတာကိုအလွန်နှစ်သက်သူ ၊ iPhone/Pad ဈေးနှုန်းတွေလောက်မသုံးချင်သူတွေအတွက် iPod touch လေးတွေက ရွေးချယ်စရာအဖြစ်ရှိနေပါသေးတယ်။
သက်နိုင်စိုး (Myanmar Mobile App)
www.myanmarmobileapp.com
www.myanmarmobileapp.com

No comments:
Post a Comment