iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, July 21, 2015

ဈေးသက်သာသော Apple နာရ်ီများ ထွက်မည်


လက်ရှိ အမေရိကန်မျာ Apple နာရီ တစ်လုံးဟာ အနည်းဆုံး ၅၄၉ ဒေါ်လာ ပေါက်ဈေး ရှိပါတယ်။ အကယ်၍ ရွှေရောင်ကြိုးနဲ့ လိုချင်ရင် အနည်းဆုံး ၉၀၀ လောက် သွားကျ ပါတယ်။ မြန်မာပြည်မှာ ဆိုရင် အနည်းဆုံး ၉ သိန်းလောက်အထိ ပေါက်ဈေး ရှိပါတယ်။ ယခု ဆိုရင် ဒေါ်လာဈေးလည်း တက်ပြီ ဆိုတော့ အချို့ဆို ဆယ်သိန်းကျော်နဲ့တောင် ရောင်းနေလောက်ပါပြီ။
လက်ရှိမှာ Apple ဟာ Apple နာရီကို the Sport, the Watch နဲ့ the Edition ဆိုပြီးတော့ သုံးမျိုး ထုတ်လုပ်ပါတယ်။ ယင်း သုံးမျိုးထဲမှာ ဈေးအသက်သာဆုံးက Sport ဗားရှင်းဖြစ်ပြီး Edition က ဈေးအကြီးဆုံး ဖြစ်ပါတယ်။ ယခု ဈေးသက်သာမယ့် ဗားရှင်းမှာ aluminium Sport ကို အဝါရောင်သို့မဟုတ် နှင်းဆီ ရွှေရောင် ဆက်ပေးတာမျိုးတို့ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Stainless Steel, Aluminium, 18karat Gold ဆိုပြီးတော့ အကြမ်းဖျဉ်းအားဖြင့် သုံးမျိုး မြင်နိုင်ပါတယ်။
Gold က ဈေးအကြီးဆုံး ဖြစ်ပေမယ့် aluminum ပေါ်မှာ ရွှေရောင် coating ပြန်လုပ်ပေးတာမျိုးက သက်သာပါတယ်။ ဒါကြောင့်မို့ နောက်ထွက်မယ့် ဗားရှင်းမှာ ဈေးသက်သာ ဗားရှင်းပါလာနိုင်ပြီး ဈေးနှုန်းအားဖြင့် ၃၉၀ ဒေါ်လာ ဝန်းကျင် လောက်သာ ရှိနိုင်တယ်လို့ ထိုင်ဝမ်အခြေဆိုက် နည်းပညာနဲ့ စီးပွားရေး ပညာရှင်များက ခန့်မှန်း သုံးသပ်ပြထားခြင်း ဖြစ်ပါတယ်။ Apple ရဲ့ လက်ရှိ နာရီများဟာ စောင့်ဆိုင်းခဲ့သူများအတွက် စိတ်ကျေနပ်မှုကို ၉၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း စစ်တမ်း တစ်ခုကလည်း ဖော်ပြခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMAS)


No comments:

Post a Comment