Twitter အသုံးပြုသူတွေအနေနဲ့ ထူးခြားတဲ့အချက်ကတော့ ကွန်ပျူတာဗားရှင်း Twitter ၀က်ဘ်ဆိုက်မှာ နောက်ခံ Background Theme ကိုမိမိ စိတ်ကြိုက် ရွေးချယ် ထားရှိနိုင်ခြင်းအပြင် အခြားသော စိတ်ကြိုက် ဒီဇိုင်းရွေးချယ်နိုင်ခြင်း တွေကြောင့်ဖြစ်ပါတယ်။ Social Webiste တွေအများကြီးရှိတဲ့ အထဲကမှ ကိုယ့် Profile , ကိုယ့် Wall ကို စိတ်ကြိုက် ဒီဇိုင်းရွေးချယ် ထားရှိနိုင်တဲ့ Social Website ဆိုလို့လည်း Twitter တစ်ခုပဲ ရှိတာကြောင့် အသုံးပြုသူ User တွေအကြိုက်တွေ့ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အသုံးပြုသူတွေအပေါ် Twitter အနေနဲ့ အနည်းငယ် အပြောင်းလဲ လုပ်ခဲ့ပါတယ်။
အဲ့ဒါကတော့ နောက်ခံ Background Theme ကို Twitter အသုံးပြုသူများ စိတ်ကြိုက် မထားရှိနိုင်အောင် ဖျက်ပြစ်လိုက်ခြင်းဖြစ်ပြီး Twitter အသုံးပြုသူ အားလုံးအတွက် မီးခိုးရောင် Background ကိုသာထားရှိထားပါတော့တယ်။ ဒီအချက်ကြောင့် အသုံးပြုသူတွေဟာ အနည်းငယ် စိတ်မပျော်ရွှင်မှုတွေဖြစ်ခဲ့ရပါတယ်။ အသုံးပြုသူတွေအနေဟာ စိတ်ကြိုက် ဒီဇိုင်းများနဲ့ မိမိရဲ့ Profile ၊ မိမိရဲ့ Wall ကို အလှဆင်ချင်ကြသော်လည်း Twitter ရဲ့ ပြောင်းလဲမှုက စိတ်မချမ်းသာစရာဖြစ်ခဲ့ပါတယ်။
Twitter အနေနဲ့ အခုလိုပြောင်းလဲလိုက်ခြင်းကို ပြန်လည်ဖြေရှင်းရာမှာတော့ သူတို့အနေနဲ့ အခြား Social Website များနည်းတူ အသုံးပြုသူများအားလုံးအတွက် မိမိတို့ရဲ့ Background Theme ကိုတူညီမှုရှိသွားအောင် ပြောင်းလဲခြင်းဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း Twitter ကိုအသုံးပြုရင်းဖြင့် စံသတ်မှတ်ချက် တစ်ခုအနေနဲ့ ပုံသေဖြစ်သွားအောင် ပြုလုပ်ဖို့အတွက် ဒီဇိုင်းအနည်းငယ်ကိုလည်း ပြောင်းလဲသွာအုံးမှာဖြစ်ပါတယ်။ ဒါပေမဲ့ Background Theme Design နဲ့ပတ်သက်ပြီး Setting ထဲမှာတော့ Custom Desgin ရွေးချယ်နိုင်ခြင်းကိုတော့ မဖျက်သေးပါဘူး။ အသုံးပြုသူတို့အနေနဲ့ Setting ထဲသွားပြီး ကိုယ်ပိုင် စိတ်ကြိုက် Background theme ကို ရွေးချယ်နိုင်ပါသေးတယ်။ သို့သော် သင့်ရဲ့ Wall မှာ ခဏတာ မြင်ခွင့်တာမြင်ခွင့်သာ ရရှိမှာဖြစ်ပြီး refresh ပြန်လုပ်လိုက်ရင်တော့ အလိုအလျောက် ပြန်ပျောက်သွားမှာဖြစ်ပါတယ်။
Ref : Pocketlint
Aung Ko Htet (MMAS)
#akh_mmas

No comments:
Post a Comment