iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, July 20, 2015

ကောလင်းမြို့နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပွား


ကောလင်း ဇူလိုင် ၂၀

ကောလင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွင်းမှုကြောင့် (၂၀.၇.၂၀၁၅) ရက်နေ့တွင် တောင်သူ (၇၈၀၉) ဦး၏ စပါးစိုက်ပြီးဧက (၃၄၆၁၇)ဧက ရေနစ်မြုပ်လျှက်ရှိရာ ကောလင်း-တောင်မော်လမ်းမပေါ်တွင် ရေကျော်လျှက် ရှိသော ကြူတောရွာအနီးတွင် လူတစ်ဦးရေမျှော ပျောက်ဆုံးခဲ့သည်။

ရေ၀င်ရောက် လျှက်ရှိသော ကျေးရွာ (၇၁)ရွာရှိပြီး ရေနစ်မြုပ်လျှက် ရှိသော ကျေးရွာများမှာ ရေကန်သာ၊ တောင်ယာကြီးတော၊ နတ်ရေတွင်း၊ သဖန်းကုန်း၊ သရက်ခုံ၊ ညောင်ပင်သာ၊ အင်ကြောဇင်၊ ညောင်ဝန်း၊ မိုးနှံ၊ ဆီဆုံ ၀ါးရုံခုံ၊ ကြို့ခုံ၊ ဇီးခုံ၊ မြောင်းကြီး၊ လှည်းပွဲ၊ နှောခုံ၊ ကန်လည်းကြီးဖြစ်သည်။

အလယ်ကျောင်း၊ အနောက်ကျောင်းကြီး၊ ရေ၀န်ကျောင်း၊ ဆေးမင်း ခုံကျောင်း၊ စိုင်ဒူးကျောင်း စသည့်ဘုန်းတော်ကြီးကျောင်းများတွင် ကယ်ဆယ်ရေး စခန်းများ ဖွင့် လှစ်ထားရှိပြီး ကယ်ဆယ်ရေးစခန်းသို့ရောက်ရှိလာသော ဦးရေးမှာ (၃၀၀၀) ခန့်ရှိကြောင်း၊ ရေကြီးနစ်မြုပ်လျှက်ရှိသောပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ ဆေးဝါးများ၊ စားသောက်ဖွယ်ရာများ၊ အ၀တ်ထည်များ ပေးပို့လှူဒါန်းလျှက်ရှိပြီး နယ်အ သီးသီးမှ စေတနာရှင်ပြည်သူများမှ လှူဒါန်းသော ငွေနှင့်ပစ္စည်း တန်ဖိုးမှာ ကျပ်သိန်း (၂၀၀) ကျော်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment