iCon
zawgyi သို့ မဟုတ် unicode
Sunday, July 19, 2015
ဆေးထိုးမှားပြီး ကလေးငယ်သေဆုံးမှုနှင့် ပတ်သက်၍ တရားမ၀င်ဆေးထိုးသူကို အရေးယူ
မြို့သစ် ဇူလိုင် ၁၈
မြို့သစ်မြို့နယ် သံဘိုကျေးရွာ၌ တရားမဝင် ဆေးထိုးမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့မှု ဇူလိုင် ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်းမြို့သစ် မြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၁၆ ရက် နံနက် ၆ နာရီခွဲက မြို့သစ်ဆေးရုံမှ မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာသန့်ဇင်မြင့်က ဆေးထိုးမှား၍ သေဆုံးနေသော သုံးနှစ်သားအရွယ် ယောကျာ်းလေး တစ်ဦး၏ အလောင်းတစ်လောင်း ဆေးရုံသို့ရောက်ရှိနေကြောင်း ဖုန်းဖြင့် အကြောင်းကြားချက်အရမြို့သစ် မြို့မ ရဲစခန်းမှ ဒုရဲအုပ်ဝင်းကျော်သွား ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ မြို့သစ်မြို့နယ် မကြီးထူးအုပ်စု သံဘိုကျေးရွာနေ ဦးသိန်းရွှေ၏ သားဖြစ်သူ ငြိမ်းချမ်း အောင် သုံးနှစ်ဖြစ်ပြီး ၄င်းမှာ ကျန်းမာရေးမကောင်းသဖြင့် ဖခင် ဖြစ်သူ ဦးသိန်းရွှေက တစ်ရွာတည်းနေ အေးလွင်(၄၂ နှစ်)အားခေါ်၍ ဆေး ထိုးခဲ့ပြီးနောက် ငြိမ်းချမ်းအောင်မှာ အသက်ရှူကျပ်လာသဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံး ခြင်းဖြစ်ကြောင်း အမှုစစ်ရဲအရာရှိ၏ စစ်ဆေးချက်အရ သိရသည်။
ဖြစ်စဉ် နှင့်ပတ်သက်၍အေးလွင်အား ဆေး ထိုးခွင့်မရှိဘဲ ဆေးကို ပေါ့လျော့စွာ အသုံးပြုမှုကြောင့် ကလေးငယ် သေဆုံးခြင်းကို ဒုရဲအုပ်ဝင်းကျော် ကတိုင်ကြားခဲ့သောကြောင့် မြို့သစ် မြို့နယ်မြို့မရဲစခန်းမှ (ပ) ၈၉/၂ဝ၁၅ ပုဒ်မ၃ဝ၄-က ဖြင့် လည်းကောင်း၊ သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးသိန်းရွှေ က ငြိမ်းချမ်းအောင်ကို ဆေးထိုးရာ တွင်အသုံးပြုခဲ့သည့်သုံးစွဲပြီး ဆေးထိုး အပ်တပ်လျက် 5cc ပိုက်သုံးချောင်း၊ သုံးစွဲပြီး ဆေးထိုးအပ်တပ်လျက် 3cc ပိုက်နှစ်ချောင်း၊AMCO RTIN- CJECTION စာသားပါဆေးဘူး ခွံတစ်ခု၊ REICHAMOX-250 စာသားပါဖြူနီရောင် ဆေးဘူးခွံတစ်ခု၊HYDTOCORT -110 mg စာတန်း ပါ အဝါရောင် ဆေးပုလင်းတစ်လုံး၊STERIIE WATER စာသားပါ ဆေးပုလင်းတစ်လုံး၊ သုံးစွဲပြီး ဂျင်တာ မိုက်ဆင်ဆာလဖိုင် ဆေးပုလင်းခွံ သုံးလုံး၊ ဒိုင်ပရိုဖိုင်လင်းဆေးပုလင်းခွံတစ်လုံး၊ ဘပလက်ဆေးပုလင်းခွံ တစ်လုံးတို့ကို လာရောက်အပ်နှံခဲ့မှု ကြောင့် အေးလွင်အားစစ်ဆေးခဲ့ရာ ဆေးထိုးခွင့် လိုင်စင်မရှိဘဲ ဆေးထိုး အပ်၊ ဆေးများကို ကိုင်ဆောင်အသုံး ပြုသူ အေးလွင်အား အရေးယူပေးပါရန် ဒုရဲအုပ်ဝင်းကျော်က ဆက်လက်တိုင် ကြားခဲ့သောကြောင့် မြို့သစ်မြို့နယ် မြို့မရဲစခန်းမှ ဆေးကောင်စီ ဥပဒေ ပုဒ်မဖြင့်လည်းကောင်း ဆက်လက် အမှုဖွင့်ထားကြောင်း သိရသည်။
ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)

No comments:
Post a Comment