iCon
zawgyi သို့ မဟုတ် unicode
Wednesday, July 22, 2015
ကောလင်းမြို့နယ်၌ မိုးရွာ၍ ရေကြီးမှုကြောင့် ကယ်ဆယ်ရေးပြုလုပ်သူ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး
ကောလင်း ဇူလိုင် ၂၁
ကသာခရိုင် ကောလင်းမြို့နယ် တွင် ဇူလိုင် ၉ ရက်ကစ၍ ၁၁ ရက် အတွင်း စုစုပေါင်း မိုးရေချိန် ၂၉ ဒသမ ၅၅ လက်မ ရွာသွန်းခဲ့ရာ ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော မိုးနှံ ကျေးရွာ၊ ချောင်းကျေးရွာ၊ သက်ရက်ခုံ ကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ အင်ကြောဇင်ကျေးရွာ၊ ညောင်ဝန်း ကျေးရွာ၊ ဆီဆုံကျေးရွာ၊ ဝါးရုံကုန်း ကျေးရွာ၊ သပြေအိုင်ကျေးရွာ၊ ရေကန် သာကျေးရွာ၊ ဆင်းမကျေးရွာနှင့် သဖန်းကုန်းကျေးရွာတို့တွင် ရေနစ် မြုပ်၍ လယ်မြေဧက ၂၆၅ဝဝ ကျော် ရေနစ်မြုပ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးပြုလုပ်သူ မီးသတ် တပ်ဖွဲ့ဝင် ဒုတပ်ကြပ် မောင်ဝေချစ်ဦး (၂၄ နှစ်) သည် ကောလင်းမြို့နယ် ညောင်ကိုင်နှင့် တောင်ပေါ်ရွာကြား ကားလမ်း၌ ကားရေထဲ မျောပါမှုကို ဆယ်ယူစဉ် သေဆုံးခဲ့သည်။
တပ်မတော်သားများ၊ ရဲတပ် ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ထားရှိကြောင်းနှင့် ကောလင်း မြို့ပေါ်ရှိ ရေဝန်ကျောင်းတိုက်နှင့် အနောက်ကျောင်းတိုက်တွင် ကယ် ဆယ်ရေးစခန်းထားရှိရာ ရေဘေး ဒုက္ခသည် ၉ဝဝဝ ခန့်နှင့် ကျေးရွာသူ ကျေးရွာသားများအတွက် ကျန်းမာ ရေးဆေးခန်း ဆောင်ရွက်ထားလျက် ရှိပြီး ရေဘေးကယ်ဆယ်ရေး လုပ်ငန်းအတွက် အလှူငွေ များ ထည့်ဝင်လှူဒါန်းလိုပါကလည်း လှူဒါန်းနိုင်ရန် ကယ်ဆယ်ရေးစခန်း များ ဖွင့်လှစ်ထားရှိကြောင်း သိရ သည်။
မြန်မာနိုင်ငံအထက်ပိုင်း ကား လမ်းများသွားလာနိုင်မှု ရပ်တန့်ခဲ့ရ သည့်အတွက် ကုန်ဈေးနှုန်းများဒေသ များစွာကိုရိုက်ခတ်ခဲ့ရာ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝ ဈေးအနည်းဆုံးဖြစ်လာသည်။
ထို့ပြင် ကသာခရိုင် ကောလင်း မြို့နယ်၌ အရှေ့ဘက် ထီးချိုင့်၊ အနောက်ဘက်ပင်လည်ဘူး၊ တောင် ဘက်ကျွန်းလှ၊ မြောက်ဘက်ဝန်းသို ရှိရာ ပင်လယ်ရေမျက်နှာပြင်အထက် ၈ဝ၁ ပေ၊ အနောက်ဘက် မိုင် ၂ဝ ကျော်ခန့် မင်းဝံတောင်တန်းမှ စီးဆင်းလာသော ရေအားကြောင့် ရေနုတ်မြောင်းများနှင့် တံတား တည်ဆောက် ထားရှိမှုများသည် အနိမ့်အမြင့်ပေါ် မူတည်၍ မိုးရွာ မှုအားကောင်းလာရာ ရေစီးရေလာ မကောင်းခြင်းကြောင့် တည် ဆောက်ထားရှိသော ဆည်တာ တမံ ထိန်းသိမ်းနိုင်မှုမရှိကြောင်း သိရသည်။
ငွေအိုး(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)

No comments:
Post a Comment