iCon
zawgyi သို့ မဟုတ် unicode
Saturday, July 18, 2015
အီရတ်မှာ ကားဗုံးကွဲလို့ လူအများအပြားသေ
အီရတ် နိုင်ငံ အရှေ့ဘက်ပိုင်း နယ် ဒီယားလား ထဲ က ခန်ဘန်နီဆာ့ဒ် ဆိုတဲ့ မြို့ရဲ့ လူစည်ကားရာ ဈေး မှာ ကားဗုံးခွဲ တိုက်ခိုက် မှု ဖြစ်ခဲ့ပြီး ကလေးသူငယ် တွေ အပါအဝင် လူ ၁၀၀ လောက်ထိ သေဆုံး သွား နိုင် ဖွယ် ရှိတယ် လို့ အီရတ် ရဲ တပ်ဖွဲ့ နဲ့ ဆေးရုံ အသိုင်းအဝိုင်း က လာတဲ့ သတင်း တွေ က ဆို ပါတယ်။
မွတ်ဆလင်မ် တို့ရဲ့ ဥပုသ်လ လွန်မြောက် လို့ အိဒ်ပွဲတော် ကျင်းပ နေကြ တုန်း အတိုက်အခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲတဲ့ အရှိန်ကြောင့် အဆောက်အဦ တော်တော် များများ ပြိုပျက် ခဲ့ရပြီး၊သေဆုံး ခဲ့သူတွေ ရဲ့ အလောင်းတွေ ကို အပျက်အစီးပုံတွေ ကြားထဲက ပြန်လည ဆွဲထုတ် နေရ တုန်း ပဲ ဖြစ်ပါတယ်။
အခု အချိန်ထိတော့ ဘယ် အဖွဲ့က သူတို့ရဲ့ လက်ချက် ဖြစ်တယ် ဆိုပြီး ထုတ် မပြော သေးပါဘူး။
BBC Burmese
https://www.facebook.com/bbcburmese
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)

No comments:
Post a Comment