iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, July 21, 2015

မြန်မာသံတော်ဆင့် အယ်ဒီတာ ၁၁ ဦးအမှု အမိန့်ချမှတ်

 မြန်မာသံတော်ဆင့်ဂျာနယ် အယ်ဒီတာအဖွဲ့ဝင် ၁၁ ဦးကို ဇူလိုင်လ ၂၁ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်စဉ် Photo: RFA
 နိုင်ငံတော်သမ္မတကို စော်ကားပုတ်ခတ်တဲ့ အသုံးအနှုန်းတွေပါတဲ့ အင်တာဗျူးကို ဖော်ပြခဲ့တာကြောင့် တရားရင်ဆိုင်နေရတဲ့ မြန်မာသံတော်ဆင့်ဂျာနယ် အယ်ဒီတာအဖွဲ့ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးက ဒီနေ့ ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ် အမိန့်ချမှတ်လိုက်ရာမှာ ငွေဒဏ်ပေးဆောင်လိုက်ပါတယ်။

အဲဒီအမှုတွဲထဲမှာပါတဲ့ ၉ယောက်ကို အမှုကနေ ပလပ်ပေးလိုက်ပြီး ၂ယောက်ကို အပြစ်ရှိတယ်ဆိုပြီး အမိန့်ချတာကို မကျေနပ်တာကြောင့် အယူခံဆက်တင်သွားမယ်လို့ ရှေ့နေ ဦးဇော်လင်းက ပြောပါတယ်။

"တရားသူကြီးရဲ့ အမြင်အပေါ်မှာတော့ သိပ်ပြီးတော့ ပြင်းပြင်းထန်ထန်ကြီး ပြောဖို့ခက်တယ်၊ ကျနော်တို့ ရှေ့နေ လုပ်ထားတာဆိုတော့ မကျေနပ်ရင် အပေါ်ဆက်တက်ရုံပဲရှိတယ်၊ တရားသူကြီးက သူ့သဘောထားနဲ့သူ ချလိုက် တာပဲလေ၊ ၁၁ ယောက်ထဲက တကယ်လည်းလွှတ်သင့်တဲ့ ၉ ယောက် လွှတ်လိုက်တာတော့ ဝမ်းသာပါတယ်၊ ဟိုနှစ်ယောက်ကိုလည်း လွှတ်သင့်တယ်လို့မြင်တယ်၊ ဒါကတော့ အမှုလိုက်ခဲ့တဲ့ ရှေ့နေတစ်ယောက်ရဲ့အမြင်ပေါ့၊ အယူခံတက်တယ်ဆိုတာ ဒဏ်ငွေမဆောင်ဘဲ တက်လို့မရဘူး၊ ဒဏ်ငွေမဆောင်ရင် ခြောက်လဆိုပြီးပါ တယ်၊ လောလောဆယ်ဒဏ်ငွေတော့ ဆောင်ရမှာပဲ၊ ဆောင်ပြီးတော့ဆက်တက်ပေါ့၊ အပေါ်မှာနိုင်ရင်တော့ ဒဏ်ငွေပြန်ထုတ်ပေးမှာပါ"

ထုတ်ဝေသူ၊ အယ်ဒီတာချုပ် ဦးကျော်စွာဝင်းနဲ့ ဒုတိယအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းတို့ကို ထောင်ဒဏ် ၆ လ (သို့မဟုတ်) ငွေဒဏ် ၁၀သိန်းစီ ချမှတ်ခဲ့တာပါ။ ကျန်တဲ့အယ်ဒီတာအဖွဲ့ဝင် ၉ ယောက်ကို အမှုက ပလပ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၉ရက်နေ့ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်ထုတ်ဂျာနယ်မှာ ဒုတိယအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းက ဗေဒါနိုင်ငံရေးသိပ္ပံကျောင်းအုပ် ဦးမျိုးရန်နောင်သိမ်းနဲ့ တွေ့ဆုံမေးမြန်းချက်ကဏ္ဍကို ဖော်ပြခဲ့ တာဖြစ်ပါတယ်။

အဲဒီမေးမြန်းချက်မှာ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ပါဝင်ခဲ့တာကို မဖြတ်တောက်ဘဲ ဂျာနယ်မှာ ဖော်ပြခဲ့တာကြောင့် ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက တရားလိုလုပ်ပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၉(ဆ) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment