iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, July 21, 2015

ကမ္ဘာ့ဖလား အိမ်ရှင်လုပ်ခဲ့တဲ့ ဘရာဇီးမြို့ မှာ သေနတ်ပစ်မှုတွေ တမြို့လုံးအနှံ့ ဖြစ်နေ


  ဘရာဇီး နိုင်ငံ မနောက်စ် Manaus ဆိုတဲ့ မြို့ မှာ ပြီးခဲ့တဲ့ သောကြာ ည ကနေ တနင်္လာ မနက် ထိ သိထား သမျှ လူ ၃၅ ဦး အသတ် ခံ ခဲ့ရတဲ့ ဖြစ်ရပ် အပေါ် အာဏာပိုင် တွေ စုံစမ်း နေကြ ပါတယ်။

  ဘဏ် တစ်ခု ရဲ့ ရှေ့ မှာ ရဲ တပ်ကြပ်ကြီး တစ်ဦး ပစ် အသတ် ခံ ခဲ့ ရပြီး နောက်ပိုင်း အခုလို သတ်ဖြတ် မှု တွေ စတင် လာတာပါ။

  ရဲတွေ က လက်စားချေ သတ်ဖြတ် နေတာ ဖြစ်နိုင်သလို၊ ပြိုင်ဘက် မူးယစ် ဂိုဏ်း တွေ ကြားထဲ က တိုက်ပွဲ ဖြစ်နိုင် တယ် လို့ ခန့်မှန်း နေကြပါတယ်။

  Manaus ဟာ ပြီးခဲ့တဲ့ နှစ် က ဘရာဇီး ကမ္ဘာ့ဖလား ကို လက်ခံ ကျင်းပ ခဲ့တဲ့ မြို့တွေ ထဲ က တစ်မြို့ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment