iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, July 21, 2015

ဂြိုလ်သားရှာတွေ့လျှင် ကန်ဒေါ်လာ သန်း ၁၀၀ ပေးမည်


မိမိ လက်ထဲမှာ ရှိတဲ့ မိုဘိုင်းဖုန်းနဲ့ ကင်မရာတွေကို selfie ချည်း မရိုက်တော့ပဲ တစ်ခါတစ်လေကျတော့လည်း မိုးပေါ်ထောင် ရိုက်ကြစို့လားဗျာ… အမေရိကန်နဲ့ ရုရှား အခြေဆိုက်တဲ့ Breakthrough initiative မှ နေပြီးတော့ ဂြိုလ်သား တွေ့ရှိကြောင်း ခိုင်မာတဲ့သက်သေပြနိုင်ရင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဆု ချီးမြင့်မှာ ဖြစ်ပါတယ်။
ရုရှားဘီလျံနာ Yuri Milner ဟာ အမေရိကန်က စတီဖန်ဟော့ကင်းနဲ့ ပူးပေါင်းပြီးတော့ ယင်း အစီအစဉ်ကို စတင်ခြင်း ဖြစ်ပါတယ်။ အစီအစဉ်မှာ ကမ္ဘာ့ စွမ်းဆောင်ရည် အမြင့်ဆုံး ကြယ်တာရာကြည့် တယ်လီစကုတ် နှစ်လုံးကို တည်ဆောက် တပ်ဆင်ခြင်းလည်း ပါဝင်ပါတယ်။ သြစတေးလျ နိုင်ငံမှာ တစ်ခု၊ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီယားပြည်နယ်မှာ တစ်ခုထားပြီး ကမ္ဘာနဲ့ အနီးဆုံး ကြယ်ပေါင်း တစ်ထောင်အထိကို လေ့လာလို့ ရမှာ ဖြစ်ပါတယ်။ ယခင် တယ်လီစကုတ် များထက် ကောင်းကင် ဧရိယာကို အဆ ငါးဆယ် ကြည့်ရှု နိုင်မှာ လည်း ဖြစ်ပါတယ်။ ယင်း ကြည့်ရှုမှုဟာ နေရာအနှံ့ကို မရောက်သေးပါဘူး။ ဒါကြောင့်မို့ ဆုချီးမြင့်တဲ့ အစီအစဉ်ပါ တွဲလုပ်ခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကြယ်တာရာကြည့် ဝါသနာရှင်များ၊ ပညာရှင်များ အပြင် ဂြိုလ်သား ရှိမရှိ စိတ်ဝင်စားစွာ လေ့လာနေသူ အားလုံးကို ဂြိုလ်သား ရှိကြောင်း သက်သေ ပြနိုင်ရင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပေးတဲ့ အစီအစဉ်ပါ စတင်လိုက်ပါတယ်။ အကယ်၍ တွေ့ခဲ့ရင် ဓာတ်ပို့ရိုက်ပြီးတော့ ကျနော်တို့ဆီ ပို့ပေးပါဗျာ။ အနော်တို့က သူတို့ဆီ ရောက်အောင် ပို့ပေးပြီး တစ်ယောက်တစ်ဝက် ခွဲယူကြမယ်နော်လို့.. 😀
Ref: dailymail
အောင်ခမ်း (MMAS)

No comments:

Post a Comment