iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, July 20, 2015

Cristiano Ronaldo တစ်ယောက် ရီးရဲမက်ဒရစ် အသင်းကို စွန့်ခွာနိုင်ဖွယ်ရှိ



ကမ္ဘာကျော် ဘောလုံးသမား ပေါ်တူဂီ နိုင်ငံ လက်ရွေးစင် ကစားသမား Cristiano Ronaldo ဟာ ရီးရဲမက်ဒရစ် အသင်းကို စွန့်ခွာဖို့ကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ်။

ရီးရဲမက်ဒရစ် အသင်းရဲ့ ဂန္တ၀င် ဂိုသမားကြီး Iker Casillas ရဲ့ အေးဂျင့်ဖြစ်သူ အခိုင်အမာဆိုထားတာ ကတော့ ပေါ်တူဂီ စူပါစတားဟာ ဗလင်စီယာ ဥက္ကဋ္ဌ Peter Lim ပိုင်ဆိုင်တဲ့ ကုမ္မဏီ တစ်ခုနဲ့ ရုပ်ပုံ မူပိုင်ခွင့်အတွက် စာချုပ်ချုပ်ဆိုပြီးတဲ့နောက် ဘာနေဗျူးကွင်းကနေ ထွက်ခွာနိုင်ဖို့ စဉ်းစားနေပါတယ်တဲ့။

Cristiano Ronaldo ဟာ စပိန် ထိပ်တန်းကလပ် အသင်းဖြစ်တဲ့ ရီးရဲမက်ဒရစ် နဲ့ နောက်ထပ် ၃ နှစ်စာ စာချုပ် သက်တမ်းတိုးထားပေမယ့်လည်း Casillas ရဲ့ အေးဂျင့်ဖြစ်သူ Santos Marquez ကတော့ C.Ronaldo ဟာ ရီးရဲမက်ဒရစ် အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Florentino Perez နဲ့ အဆင်မပြေကြောင်းကို Mint Media နဲ့ ရုပ်ပုံမူပိုင်ခွင့်စာချုပ်ချုပ်ပြီး ပြသလိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

"တစ်နေ့ကျရင်တော့ C.Ronaldo ဟာ ဘာကြောင့် ရီးရဲမက်ဒရစ်ပြင်ပက အခြား ကုမ္မဏီ တစ်ခုအတွက် အလုပ်လုပ်ရသလဲဆိုတာကို Perez အနေနဲ့ ရှင်းပြဖို့လိုအပ်လိမ့်မယ်" လို့ Marquez က AS သတင်းဌာန ကို ပြောပြခဲ့ပါတယ်။

Ronaldo လို ကမ္ဘာကျော် ကစားသမားတစ်ယောက်အနေနဲ့ စတာလင်ပေါင် သန်း ၄၀ ကို ဘယ်နေရာက မဆိုရှာဖွေလို့ရနိုင်ပေမယ့် ရီးရဲမက်ဒရစ် အသင်းရဲ့ လာလီဂါပြိုင်ဘက် အသင်းတစ်သင်းဖြစ်တဲ့ ဗလင်စီယာ အသင်းရဲ့ ပိုင်ရှင် Peter Lim ကို သူ့ရဲ့ ရုပ်ပုံမူပိုင်ခွင့် ရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး Marquez က ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။

Cristiano Rolnaldo ဟာ ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ရီးရဲမက်ဒရစ် အသင်းကို စတာလင်ပေါင် သန်း ၈၀ နဲ့ ပြောင်းရွှေ့လာပြီးတဲ့နောက်မှာ ရီးရဲမက်ဒရစ် အသင်းအတွက် ဂိုးပေါင်း ၃၀၀ တိတိ သွင်းယူပေးခဲ့ပြီး ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment