iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, July 23, 2015

အကြမ်းပတမ်းသုံးဖို့ အပူလွန်၊အအေးလွန်ခံတဲ့ Dell Latitude 12 Rugged Tablet



မန္တလေးမြို့တွင် မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းတက်ရောက်လိုသူများအတွက် ၂၀၁၅ သြဂုတ်လ ၃ ရက်နေ့တွင် မန္တလေးမြို့မှာ မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း (Mobile Software/Hardware System Repairing Course) တန်းခွဲသစ်များဖွင့်လှစ်ပါမည်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - ၀၉ ၇၉ ၇၂၄၈၄၈၈ ၊ ၀၉ ၉၁၀ ၃၃၁၃၄ တို့သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အကြမ်းပတမ်းသုံးဖို့ အပူလွန်၊အအေးလွန်ခံတဲ့ Dell Latitude 12 Rugged Tablet

dell 1
Dell Latitude 12 Rugged Tablet လို့အမည်ရတဲ့ Tablet ကို ဇူလိုင်လကုန်ပိုင်းလောက်ဆိုရင် အမေရိကန်အခြေဆိုက် Dell ကနေပြီးတော့ ဖြန့်ချိပါတော့မယ်။ ရည်ရွယ်ချက်ကတော့ ကြမ်းတမ်းလွန်းတဲ့ ရာသီဥတုကြားမှာ၊ နေရာမှာ အသုံးပြု နိုင်စေရန် ဖြစ်ပါတယ်။
Dell ကနေပြီးတော့ Latitude အမည်ပါတဲ့ NoteBook များကိုလည်း ထုတ်လုပ်ပါတယ်။ သူတို့ဟာလည်း ထိုနည်းတူစွာပါပဲ။ ဒီတစ်ခါကျတော့ Tablet အဖြစ် မိတ်ဆက်ခြင်း ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ၁၁.၆ လက်မ ဝန်းကျင် ရှိပြီး Screen က HD ဖြစ်ပါတယ်။ လက်အိပ်စွတ်ပြီး သုံးရင်တောင် နှိပ်လို့ရအောင် Sensivity ကို မြင့်ထား ပါတယ်။ Internal Storage 512 GB ပါဝင်ပါတယ်။ RAM ကတော့ 8 GB ပါ။ Intel Duo Core Processor ကို အသုံးပြုထား ပါတယ်။ ရှေ့မှာတော့ Web Camera ပါဝင်ပါလိမ့်မယ်။ Windows 8.1 Pre Install ပါဝင်ပြီး နောက်ပိုင်းဆိုရင်တော့ Windows 10 ထည့်မှာပါ။ Windows 8.1 ပါသူများလည်း 10 ကို free upgrade ရပါတယ်။
ရေစိုခံ၊ ဖုံအလူးခံနိုင်အောင် IP-65 rating အထိမြင့်ထားပါတယ်။ ဈေးနှုန်းကလည်း သေးမှာ မဟုတ်ပါဘူး။ အမေရိကန်ဒေါ်လာ ၁၆၀၀ ဝန်းကျင်လောက် တန်ဖိုးရှိနိုင်ကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:

Post a Comment