iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, July 2, 2015

သတ္တုကိုယ်ထည်သုံး လက်ဗွေလုံခြုံရေးစနစ်ပါ Honor 7 ကို Huawei မိတ်ဆက်



Honor ဆိုတာ Huawei မှနေပြီးတော့ ထုတ်လုပ်တဲ့ စမတ်ဖုန်း Brand တစ်ခု ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ Specification မြင့်စမတ်ဖုန်းများကို အင်မတန့်အင်မတန် သက်သာတဲ့ ဈေးနဲ့ ရောင်းချဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Honor တွေရဲ့ spec နဲ့ ဈေးကို ယှဉ်လိုက်ရင် ထင်မထားတာတွေကြောင့် တကယ်ရော ဟုတ်ရဲ့လားလို့ ထင်မှားပါတယ်။ ယခုတော့ Honor က ဥရောပ နဲ့ အမေရိကကိုလည်း ထိုးဖောက်နေပါပြီ။ လက်ရှိ အသစ်ထုတ်လုပ်လိုက်တဲ့ Honor 7 ဟာ သတ္တုကိုယ်ထည်သုံးပြီး လက်ဗွေလုံခြုံရေး စနစ်ပါတဲ့ Spec မြင့် စမတ်ဖုန်း တစ်မျိုးပဲ ဖြစ်ပါတယ်။
ကင်မရာ 20 Megapixel ရှိပြီး ရှေ့ကင်မရာကတော့ 8 Megapiexl ရှိပါတယ်။ RAM 3G ပါဝင်ပြီး Processor ကလည်း Ocat Core ပါ။ 16 GB နဲ့ 64 GB internal storage ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်ပြီး Micro SD ကဒ် ထပ်ထည့်လို့ ရပါသေးတယ်။ NFC, Wi-Fi 802.11a/b/g/n/ac (2.4-5Ghz), Bluetooth 4.1, A-GPS, GSM, WCDMA and LTE. အစရှိသဖြင့်တို့ ပါဝင်ပြီး ဘက်ထရီကလည်း 3100 mAh ရှိပါတယ်။ ဘက်ထရီရဲ့ ထူးခြားချက်ကတော့ ၁ နာရီအတွင်း ၅၀ ရာခိုင်နှုန်း ပြည့်အောင် အားသွင်းနိုင်ခြင်း ဖြစ်ပါတယ်။ Android 5.0 Lollipop ကို အသုံးပြုထားပြီး Huawei ရဲ့ EMUI 3.1 UI ကိုလည်း အသုံးပြုထားပါသေးတယ်။ SIM card နှစ်ကဒ် ထည့်သုံးရတဲ့ အမျိုးအစား ရှိသလို SIM ကဒ် တစ်ကဒ်ထဲ ထည့်သုံးရတဲ့ အမျိုးအစားလည်း ရှိပါတယ်။ ရွှေရောင်၊ အဖြူရောင်၊ အနက်ရောင် ဆိုပြီးတော့ သုံးမျိုးကို တွေ့ရပါတယ်။ သတ္တုကိုယ်ထည်ကို အသုံးပြုထားပါတယ်။ လက်ဗွေထိန်းစနစ်ကို အနောက်မှာ ထည့်ထားပြီး သူ့ကို ကင်မရာ အမြန်ဖွင့်ရန် အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကင်မရာမှာ ပါတဲ့ flash က iPhone 5S မှာ မြင်ရတဲ့ Flash ပုံစံနဲ့ တစ်ထပ်တည်း နည်းပါး တူနေပါတယ်။ သူကလည်း Dual Flash ပဲ ဖြစ်ပါတယ်။
16 GB မော်ဒယ် SIM ကဒ် တစ်ကဒ်သုံးကို အမေရိကန်ဒေါ်လာ ၃၂၀ ဝန်းကျင် ရှိပြီး ဆင်းကဒ် နှစ်ကဒ်ကတော့ ၃၅၀ ဒေါ်လာ ရှိပါတယ်။ 64GB ပါတဲ့ Honor 7 ကတော့ ၄၅၁ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။ ဒါကြောင့်မို့ ဈေးနှုန်းအားဖြင့် သိပ်အနည်းကြီး မဟုတ်ပေမယ့် သူ့မှာ ပါဝင်တဲ့ စက်ပစ္စည်းတန်ဖိုးများနဲ့ တွက်ရင်တော့ တစ်ဝက်လောက်ကို သက်သာနေပါတယ်။
.
Credit :အောင်ခမ်း (MMAS)

No comments:

Post a Comment