iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, July 21, 2015

INSTAGRAM ဝက်ဘ်ဆိုက်တွင် တည်နေရာနှင့် HASHTAG များ ရှာဖွေနိုင်မည်

 
 
 
 
 
ယခုအခါတွင် Instagram ဝက်ဘ်ဆိုက်ကို ၎င်း၏ မိုဘိုင်း app ကဲ့သို့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
 
 
ဓာတ်ပုံဝေမျှသော လူမှုရေးကွန်ရက်ဖြစ်သည့် Instagram သည် ၎င်း၏ ဝက်ဘ်ဆိုက်ကို အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့ပြီး သုံးစွဲသူများအနေဖြင့် hashtag များ၊ တည်နေရာများနှင့် သုံးစွဲသူများ၏ account များ ရှာဖွေခြင်းတို့ကို စမတ်ဖုန်းတွင် ပြုလုပ်သကဲ့သို့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။


“ဒီနေ့မှာ ကျွန်တော်တို့က Instagram ဝက်ဘ်ဆိုက်မှာ ရှာဖွေမှုတွေ ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် Instagram ကို ဝက်ဘ်ဆိုက်ကနေ သုံးစွဲသူများ အနေနဲ့ ကျွန်တော်တို့ရဲ့ မိုဘိုင်း app ကို သုံးနေသလိုမျိုးပဲ လျင်မြန် သပ်ရပ်လှပစွာနဲ့ အသုံးပြုနိုင်ပါပြီ” ဟု Instagram မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။


၂၀၁၂ ခုနှစ်က Facebook မှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူခဲ့သော Instagram သည် ကမ္ဘာ့အကျော်ကြားဆုံး လူမှုရေးကွန်ရက်များအနက် တစ်ခုဖြစ်ပြီး လစဉ်သုံးစွဲသူဦးရေမှ သန်း ၃၀၀ ကျော်ရှိသည်။ ၎င်း application သည် သုံးစွဲသူများ ရိုက်ကူးထားသော ဓာတ်ပုံများကို filter များထည့်သွင်းကာ သူငယ်ချင်းများထံ ဝေမျှပေးနိုင်သည်။


သုံးစွဲသူ အရေအတွက် မြင့်တက်လာပြီးနောက် Instagram သည် ပုံမှန် အဆင့်မြှင့်တင်မှုများကို လွန်ခဲ့သည့် လများကတည်းက ပြုလုပ်ခဲ့သည်။ ဇွန်လတွင် အဆိုပါ လူမှုရေးကွန်ရက်သည် သုံးစွဲသူများက သတင်းများနှင့် ပွဲများကို အချိန်နှင့် တစ်ပြေးညီ ရှာဖွေသိရှိနိုင်စေရန်အတွက် Explore feature ကို မိတ်ဆက်ပေးခဲ့သလို ယခုလအစောပိုင်းကလည်း resolution မြင့်မားသည့် ဓာတ်ပုံများ ဝေမျှနိုင်ရန် ဆောင်ရွက်ခဲ့သည်။
 
 
Ref: CNET
 
Credit to internetjournal 
 

No comments:

Post a Comment