iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, July 1, 2015

iPhone 6S ပုံစံ ဒီဇိုင်းထွက်ရှိ


iPhone 6 ပြီးတော့ နောက်ထပ် အသစ်ထွက်မယ့် အိုင်ဖုန်းက iPhone 6S ဖြစ်ပြီး သူ့ရဲ့ ဒီဇိုင်းနဲ့ ပစ္စည်း အသေးစိတ်များ သတင်းပေါက်ကြားနေပါပြီ။ ပုံမှာ မြင်တွေ့နေရတဲ့ ပစ္စည်းဖြစ်ပါတယ်။ 9to5Mac က ဖော်ပြထားတာ ဖြစ်ပါတယ်။ Apple ကနေ တရားဝင် ထွက်ရှိတာ မဟုတ်ပါဘူး။
ယခု လက်ရှိ iPhone 6 နဲ့ ပုံစံကော၊ ဒီဇိုင်းကော အသုံးပြုတဲ့ lightening connector, speaker အစရှိသဖြင့် Aux တို့က အတူတူပါပဲ။ ဘာပဲ ပြောင်းလဲသွားသလဲဆိုတော့ အတွင်းက အသုံးပြုထားတဲ့ နည်းပညာ ပစ္စည်းများက တစ်ဆင့်မြင့်လိုက်ခြင်းသာ ဖြစ်ပါတယ်။ A9 processor, 2GB of RAM, 12MP camera အစရှိသဖြင့် တို့ကို့ အသုံးပြုထားခြင်း ဖြစ်ပြီး အခြားသော နည်းပညာ အသစ်များလည်း ပါဝင်လာပါတယ်။ ဥပမာ Force touch လိုမျိုး ဖြစ်ပါတယ်။ တို့ထိတဲ့ အားအနည်းအများပေါ်မှာ မူတည်ပြီးတော့ လုပ်ဆောင်ချက် funtion အမျိုးမျိုးကို ဝင်လို့ရမယ့် Feature ဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာ ပိုင်းမှာ တိုးတက်မှု များစွာ ရှိပါတယ်။
အများစု ခန့်မှန်းထားတဲ့ Home button ကို ဖျောက်လို့ touch screen ပေါ်မှာ ထည့်မယ့် ဗားရှင်းကတော့ iPhone 7 ကနေ စနိုင်ပါတယ်။ iPhone ရဲ့ သွားပုံသွားနည်းက ဒီတိုင်းပါပဲ။ iPhone 4 နဲ့ 4S က ဒီဇိုင်းတူတယ်။ iPhone 5 နဲ့ 5S က ဒီဇိုင်းသူတယ်။ ဒီလိုပါပဲ iPhone 6 နဲ့ iPhone 6S ကလည်း ဒီဇိုင်း အတူတူပဲ လာမှာ ဖြစ်ပါတယ်။
.
 Credit : အောင်ခမ်း (MMAS)






No comments:

Post a Comment