iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, July 28, 2015

LAVA မှ Android One စီမံကိန်းအတွက် စမတ်ဖုန်းသစ်ထုတ်

Google မှလူတန်းစားမျိုးစုံဖုန်းအသုံးပြုနိုင်ရေးနှင့် Android Os ကျယ်ပြန့်လာစေရန်ရည်ရွယ်ပြီး Android One Project ကိုစတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ မှာလည်း Cherry Mobile ထုတ် Android One စမတ်ဖုန်း ကိုဝယ်ယူအသုံးပြုနိုင်ပြီဖြစ်ပြီး ၎င်းဖုန်းများမှာ ဈေးနူန်း သက်သာပြီး အရည်အသွေး ကောင်းမွန်သော အလတ်တန်းစားဖုန်းများဖြစ်သည်။

ယခု LAVA Pixel V1 မှာယခင်ကထုတ်လုပ်ခဲ့သော Android One စမတ်ဖုန်း များထက်အနည်းငယ် ပိုမိုသာလွန်ကောင်းမွန်သည်။ 5.5 inches မျက်နှာပြင်အကျယ်ရှိပြီး မှန်သားကို Gorilla Glass ကဲ့သို့ မာကျောသောAsahi Dragon Trail ကိုအသုံးပြုထားပြီး 1280×720 (267 ppi) resolution ရှိသည်။


Qualcomm Snapdragon Quad-core 1.3,RAM 2 GB ဖြင့်မောင်းနှင်ကာ internal Memory 32GB ပါဝင်လာမည်ဖြစ်ပြီး MicroSD 32 GB ထပ်မံတိုးမြင့် အသုံးပြုနိုင်သည်။ 8MP Main Camera နှင့် 5MP မျက်နှာပြင်ကင်မရာတပ်ဆင်ထားသည်။

Dual Sim အမျိုးအစား ဖြစ်ပြီး ဘက်ထရီကို 2560mAh တပ်ဆင်ထားကာ ဈေးနူန်း မှာ US $177 ဖြစ်သည်။ Android Version 5.1.1 မှစတင်အသုံးပြုနိုင်မည်ဖြစ်သည်။

Credit to ==> Phone News Up To Date

No comments:

Post a Comment