iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, July 13, 2015

စိတ်ကြိုက် အသုံးပြုနိုင်မယ့် MicFlip Reversible USB Charging Cable


ညသန်းခေါင် ဖုန်းအသုံးပြု၇င်း အားကုန်ရင် အားသွင်းဖို့
ကြိုးစားတဲ့ အချိန် မဖြစ်မနေ မီးအလင်းရောင်လိုအပ်ပါတယ် မတော်လို့ Charging ကို ပြောင်းပြန်ထိုးမိရင်
မိမိရဲ့ တန်ဖိုးကြီး စမတ်ဖုန်းတွေအားသွင်းပေါက်အတွက် ထိခိုက်နစ်နာစေနိုင်ပါတယ်
အခုတော့ အဆိုပါ အခက်အခဲတွေကိုပြေလည်စေဖို့
Micflip Fully Reversible Micro USB Cable ကိုထုတ်လုပ်လိုက်ပါပြီ
MicFlipMicFlip_
စမတ်ဖုန်း Company တွေဟာ နောင်လာမယ့် မျိုးဆက် ဖုန်းတွေမှာ USB Type C တွေကို အသုံးပြုလာမယ်ဆိုပေမယ့်
လောလောဆယ်တော့ အရင် USB တွေကိုသာ အသုံးပြုနေရပါသေးတယ်
ယခု MicFlip ဟာ ဆိုရင်ဖြင့် Type C ကို အခြေခံထားပြီး
USB ရော Micro USB မှာပါ ကြိုက်သလို အထက်အောက် မရွေးဘဲ တပ်ဆင်အသုံးပြုနိုင်မှာပါ
MicFlip USB cable ကို အကြမ်းခံပြီး ခိုင်ခန့်လှတဲ့ နိုင်လွန်သားနဲ့ ပြုလုပ် ဖုံးအုပ်ထားပြီး
အတွင်းသားကြိုးပြတ်တောက်ခြင်းမရှိစေရအောင်လည်း ပြုလုပ်ပေးထားပါတယ်
Gold Coated ပြုလုပ်ပေးထားတဲ့ Charing ခေါင်းတွေပါရှိမှာဖြစ်ပြီး
ကြိုးအရှည်ကတော့ ၃ပေရှည်မှာပါ
MicFlip-_-e1436638571105
MicFlip reversible MicroUSB cable ကိုတော့ WinnerGear က ဖန်တီးထုတ်လုပ်တာဖြစ်ပြီး
အဆိုပါ Company ဟာ smartphones, tablets, speakers, power banks အစရှိတဲ့
ထုတ်ကုန်တွေအတွက် Micro USB ထုတ်လုပ်ပေးနေတဲ့ Company တစ်ခုလည်းဖြစ်ပါတယ်
WinerGear Company ကတော့ MicFlip reversible MicroUSB cable ကို
UK မှာ စတင်ဖြန့်ချီမှာဖြစ်ပြီး September 1st မှာ ရောင်းချပေးမှာဖြစ်ပါတယ်
Micflip Fully Reversible Micro USB Cable ကို အောက်က Youtube မှာကြည့်နိုင်ပါတယ်
Refer – MicFlip
Aung Khaing (MMAS)
http://www.myanmarmobileapp.com/


No comments:

Post a Comment