ဒီဇိုင်းအသစ် ၊ Model အသစ်တွေကိုမှ သဘောကျတယ်ဆိုတဲ့ Smart Phone အသုံးပြုတွေအတွက် Mcormax ဆိုတဲ့ Smart Phone Brand အသစ်တစ်မျိုးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီ Smart Phone လေးက ဈေးကွက်ထဲမှာ သိပ်မတွင်ကျယ်ပေမဲ့ အသုံးဝင်မဲ့ Smart Phone အသစ်စက်စက်ပါ။ သူ့ Website မှာ မိတ်ဆက်ပြသထားတဲ့ဒီဇိုင်းများကိုကြည့်ခြင်းဖြင့် တော်တော်လေး နှစ်သက်စရာကောင်းနေပါတယ်။
ဖုန်းရဲ့ အထူက အရမ်း Slim ဖြစ်ပြီး သင်တုန်းဓါးရဲ့ ပါးလွှာမှုနဲ့ ဆင်တူတယ်ဆိုပြီး ကြွေးကြော်ထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တကယ့် အထူကတော့ 5.1mm တော့ရှိပါတယ်။ ကိုင်လိုက်တဲ့အခါ ပေါ့ပါးပြီး Smart ကျခြင်း ၊ ဒီဇိုင်းဆန်းလှပခြင်းစတဲ့ အရသာများကိုခံစားရမှာဖြစ်ပါတယ်။ အလေးချိန်ကလည်း 97 ဂရမ် အလေးချိန်ရှိပြီး ၊ အလေးချိန် ၁၀၀ ဂရမ်အောက်ရှိတဲ့ ပထမဦးဆုံး 4G LTE ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

ဖုန်းလိုင်းစွဲအားနဲ့ Internet Data ကတော့ အသုံးပြုသူတို့ အကြိုက်တွေ့စေလောက်ပါတယ်။ ဖုန်းလိုင်းစွဲအားက 4 G LTE အပြည့်ရမှာဖြစ်တဲ့အတွက်ကြောင့် 2G နဲ့ 3G Network တွေမှာ online game များ တိုက်ရိုက်ကစားခြင်း ၊ အွန်လိုင်း ရေဒီယိုများ တိုက်ရိုက် နားထောင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ 4G LTE အတွက် လိုင်းစွဲအားတွေကတော့ FDD-1800/2600/800 MHz နှင့် TDD-2300 ဖြစ်ပြီး Download speed 150 Mbps နှင့် Upload Speed 50 Mbps အထိ Data ကူးပြောင်းနှုန်းရှိပါတယ်။
Processor အနေဖြင့်လည်း Qualcomm Snapdragon 410 Quad Core processor ကို အသုံးပြုထားတဲ့အတွက် သင့် Phone ရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ 64 Bit Qualcomm Snapdragon 410 အမျိုးအစား Processor ရဲ့ Speed ကတော့ 1.2GHz ဖြစ်ပါတယ်။ ဒါ့အပြင် Memory အနေနဲ့ကတော့ 2GB DDR3 RAM ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် လှပဆန်းသစ်တဲ့ ဒီဇိုင်းတင်မကပဲ အလူမီနီယံကိုယ်ထည်ဖြင့်လည်း အသုံးပြုသူတို့ နှစ်သက်အောင် စွဲဆောင်ထားပါတယ်။
Screen display ပိုင်းမှာလည်း သုံးစွဲသူစိတ်ကြိုက်ဖြစ်အောင် HD Screen အမျိုးအစား 12.19cm (4.8 in) ကို အသုံးပြုထားပါတယ်။ မှန်အမျိုးစားကလည်း Gorilla Glass 3 ကို အသုံးပြုထားပါတယ်။ Resolution ကတော့ 1280 X 720 ဖြစ်ပြီး အချုံ့အချဲ့ အချိုးစားကတော့ 8,000,000:1 ဖြစ်ပါတယ်။ Screen ကြောင့် Power စားနှုန်းကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးထားပါတယ်။

ကင်မရာပိုင်းကိုကြည့်မယ်ဆိုရင်လည်း Rear Camera အတွက် 8MP ကိုအသုံးပြုထားပြီး Front Camera အတွက် 5MP ကိုအသုံးပြုထားပါတယ်။ အသံအရေအသွေးကောင်းမွန်ရန်အတွက် NXP Smart Power Amplifier ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Dirac HD Sound ကြောင့် သီချင်းတွေကို အရည်သွေးကောင်းမွန်စွာ နားထောင်နိုင်မှာဖြစ်ပါတယ်။
ဘက်ထရီဟာလည်း 2000 mAh ထိန်းသိမ်းနိုင်စွမ်းရှိပြီး ဖုန်းပြောခြင်းတောက်လျှောက်အသုံးပြုသွားမယ်ဆိုရင်တော့ 8 နာရီကြာအောင် အသုံးပြုနိုင်မှာဖြစ်ပြီး ဘာမှမသုံးပဲ အသင့်အနေထားအတွက် ဆိုပါက 345 နာရီအသင့်အနေထားရှိမှာဖြစ်ပါတယ်။ Storage အတွက်တော့ 16 GB ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Android Version 5.0 Lollipop ကိုအသုံးပြုထားပါသေးတယ်။
ပိုမိုအသေးစိတ်သိရှိလိုတဲ့ မိတ်ဆွေတို့အနေနဲ့ အောက်က Link မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။
http://www.micromaxinfo.com/mobiles/smartphones/canvas/canvas-Sliver5
http://www.micromaxinfo.com/mobiles/smartphones/canvas/canvas-Sliver5
Ref: Micromax
Aung Ko Htet (MMAS)

No comments:
Post a Comment