Samsung လို့ဆိုလိုက်တာနဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမြဲတမ်း ဈေးကွက်ဦးဆောင် နေတတ်တဲ့ Samsung ဟာ အခုလည်း Samsung ရဲ့ အပါးဆုံး Smartphone အဖြစ်နဲ့ Samsung Galaxy A8 က ကိုရီးယားနိုင်ငံရဲ့ Smart Phone ဈေးကွက်ထဲမှာ ဦးဆောင်နေပါတယ်။ ဇွန်လိုင်လ အစောပိုင်းက တရုတ်နိုင်ငံမှာ စတင်မိတ်ဆက် ဖြန့်ဝေခဲ့တဲ့ Samsung Galaxy A8 ဟာ ဇွန်လိုင်လ ၂၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံမှာ စတင်ဖြန့်ချိမှာဖြစ်ပါတယ်။ ဒါကြောင့် Samsung အနေနဲ့ ကြိုတင်အော်ဒါမှာယူခွင့်ကို ခွင့်ပြုခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံအတွက် ကြိုတင်မှာယူခွင့်ကို SK Telecom မှ ဈေးနှုန်း တောင်ကိုရီးယားငွေ [ ၀မ် 649,000 (ဒေါ်လာ 563 ) ] နဲ့ ကြိုတင်မှာယူခွင့်ပြုခဲ့ပါတယ်။ Samsung Galaxy A8 ကို အဖြူ ၊ ရွှေရောင် နဲ့ အနက်ရောင် စသည်ဖြင့် ထုတ်လုပ်ထားသော်လည်း ကြိုတင်မှာယူခွင့်မှာတော့ အဖြူ ရောင် နဲ့ ရွှေရောင်တို့ကိုသာ ခွင့်ပြုထားပါတယ်။

Samsung ဟာ တောင်ကိုရီးယားရဲ့ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှု ပိုကြီးအောင်လို့ Galaxy A8 ရဲ့ Specification ကို အသုံးပြုသူတို့ အကြိုက်တွေ့အောင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ Samsung Galaxy A8 ရဲ့ Specification ကိုလည်း အသုံးပြုသူတွေကလည်း တယ်ကို ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဒါ့ကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ Smart Phone ဈေးကွက်ထဲမှာ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Samsung Galaxy A8 ရဲ့ Camera ပိုင်းကိုတော့ 16 MP ISOCELL camera sensor အသုံးပြုထားတာဖြစ်ပြီး Front Camera ကိုတော့ 5MP အသုံးပြုထားပါတယ်။ ဒါတင်မကပဲ Figerprint scanner ကိုလည်း Home Button မှာ ထည့်သွင်းပေးထားပါသေးတယ်။ Screen Display ပိုင်းမှာလည်း 5.7 လက်မ full HD display ကို အသုံးပြုထားပါတယ်။ Processor နဲ့ RAM ပိုင်းမှာတော့ 64 Bit Octa-core Snapdragon 615 SoC, ကိုအသုံးပြုထားပြီး RAM အနေနဲ့ကတော့ 2 GB သာပါဝင်တဲ့အတွက်ကြောင့် Smart Phone နဲ့ Game ကစားတဲ့ Gamer တွေအတွက်တော့ အနည်းငယ် အဆင်ပြေမယ်မထင်ပါဘူး။ ဒါပေမဲ့ အခြား Process တွေလုပ်ဆောင်မယ်ဆိုရင်တော့သင့်တော်တဲ့ RAM လို့ပြောလို့ရပါတယ်။ Data Storage အနေနဲ့ internal storage 16 GB ကိုထည့်သွင်းပေးထားပြီး Micro SD ကဒ်လည်းထည့်သွင်းနိုင်အောင် စီမံပေးထားပါတယ်။
Network အနေနဲ့ကတော့ 4G LTE ဖြစ်ပြီး ဘက်ထရီသက်တမ်းကတော့ 3050 mAh ဖြစ်ပါတယ်။ နောက်ထပ် ဆွဲဆောင်မှုတစ်ခုကတော့ Android Version 5.1.1 Lollipop ကိုအသုံးပြုထားခြင်းဖြစ် ပါတယ်။
ဒီလိုစွဲမက်စရာကောင်းတဲ့အချက်တွေကို ထုတ်ပြန်ကာ Samsung Galaxy A8 ကတော့ တောင်ကိုရီးယားရဲ့ ဈေးကွက်ထဲမှာ ကြိုတင်မှာယူမှု အများဆုံးနဲ့ Smart Phone ဈေးကွက်ကို ဦးဆောင်နေပါတော့တယ်။
Ref : Android
Aung Ko Htet (MMAS)

No comments:
Post a Comment