ကွန်ပျူတာမှာ Stick မထိုးချင်သူတွေ ၊ Stick ထိုးရမှာပျင်းသူတွေ ၊ Stick တစ်ချောင်းထဲနဲ့ ဖုန်း ၊ Tablet ၊ ကွန်ပျူတာ ၂ လုံး ၃ လုံးလောက်ကနေ
တစ်ပြိုင်တည်း Data အထည့်အသွင်းလုပ်ချင်သူတွေအတွက် အဆင်ပြေစေမယ့် USB Stick လေးထွက်ရှိလာပြန်ပါပြီ။ SanDisk Connect Wireless Stick လို့ခေါ်ပါတယ်။

Wifi ကွန်ရက်ကနေတစ်ဆင့်ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီး ဒီ Stick လေးမှာ Wifi လွှင့်ဖို့အတွက်လိုအပ်တဲ့ Built-in Wifi Antenna နဲ့ Built-in Battery လည်းပါဝင်ပါသေးတယ်။ ၄ နာရီလောက်သုံးလို့ရပြီး ပြန်ပြီးအားသွင်းနိုင်ပါတယ်။ SanDisk Connect Wireless Stick ရဲ့ဈေးနှုန်းတွေကတော့ 32GB base model ကို $39.99, 64GB model $59.99 နဲ့ 128GB model ကတော့ $99 ဖြစ်ပါတယ်။ ဈေးနှုန်းလေးတွေကလည်း မဆိုးပါဘူး ။ နိုင်ငံခြားမှာနေတဲ့သူတွေကတော့ Amazon Website ကနေတဆင့်ဝယ်ယူလို့ရနေပါပြီ။

Credit :သက်နိုင်စိုး

No comments:
Post a Comment