iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, July 21, 2015

The Lazarus Effect (2015) မြန်မာစာတန်းထိုး 535 MB




သေသွားပြီးသား လူနာကို အသက်ပြန်ရှင်လာစေမယ့် နည်းလမ်းတွေ့သွားတဲ့ ဆေးသုတေသနလုပ်သူတစ်စုအကြောင်း ဇာတ် အိမ်တည်ထားတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖို အမေရိကန် ဇာတ်ကားသစ်အကြောင်း ဖော် ပြပေးလိုက်ပါတယ်။
 2015 ခုနှစ်မှ ထွက်ရှိထားပြီးIMDb Rating ကတော့ 5.2 ရရှိထားပါတယ်...

ဆေးသုတေသနပညာရှင် တွေဖြစ်တဲ့ ဖရန့်နဲ့ သူ့ချစ်သူ ဇိုး တို့ဟာ ကိုမာဖြစ်နေတဲ့ လူနာတွေ ကို ပြန်သတိရလာအောင် လုပ် နိုင်ဖို့ သေပြီးသား လူနာတွေကို အသက်ပြန်ရှင်နိုင်ဖို့ဆိုပြီး သုတေ သနတစ်ခုလုပ်ထားပါတယ်။ သူ တို့စုံတွဲနဲ့အတူ နစ်ကို၊ ကလေးဆို တဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ဗီဒီယိုသမား အီဗာတို့ဟာ သုတေသနပြုချက် အောင်မြင်မှု ရှိ၊ မရှိကို မကြာခင်ကမှသေသွား တဲ့ ခွေးတစ်ကောင်နဲ့ စမ်းသပ်ခဲ့ ပြီး မှတ်တမ်းတင်ထားခဲ့ပါတယ်။ ခွေးထဲကို သုတေသနလုပ်ထားတဲ့ သွေးရည်ကြည် ထည့်လိုက်ပြီး နောက်မှာတော့ နဂိုမူရင်းစိတ် တွေပျောက်ပြီး ထူးဆန်းတဲ့ အပြု အမူတွေလုပ်လာကာ ဦးနှောက်သွေးကြောတွေရဲ့ ဖွဲ့စည်းပုံတွေပါ ပြောင်းကုန်တာတွေ့ခဲ့ရပါတယ်။ အဲဒီနောက်တော့ ဖရန့်နဲ့အဖွဲ့ဟာ သူတို့ရဲ့ စမ်းသပ်လေ့လာမှုကို ဆက်လုပ်နေရင်း တစ်ရက်မှာတော့ ဇိုးဟာ ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ ဇိုးကို အဆုံးရှုံးမခံလိုတဲ့ ဖရန့်ဟာ သူစမ်းသပ်ထားတဲ့ သွေးရည်ကြည်ကို ဇိုးကိုယ်ထဲကို ထည့်သွင်းပြီး အသက်ပြန်ရှင်လာဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုဟာ အောင်မြင်သလိုလိုရှိ ပေမယ့် တဖြည်းဖြည်းထူးခြားလာတဲ့ဇိုးကို တစ်ဖွဲ့လုံးသတိထားမိလာကြပါတယ်။

တစ်ရက်မှာတော့ အခန်းထဲဝင်လာတဲ့ နစ်ကို ကိုဇိုးက ခြောက်လှန့်ခဲပြီး သူ့ရဲ့ စိတ်စွမ်းအားနဲ့ နစ်ကိုကို ဗီရိုထဲပစ်ထည့်ပြီး စိတ်နဲ့ဆွဲညှစ်ကာ သတ်ပစ်ခဲ့ပါတယ်။  နောက်ပိုင်းမှာ ဇိုးဟာ ကလေး၊ ဖရန့်နဲ့ အီဗာတို့ကိုပါ သတ်ပစ်ခဲ့ပြီး ဆေးတွေ အကုန်လုံး သူ့ကိုယ်ထဲထိုးသွင်းခဲ့သလို သေသွားတဲ့ သူ့သူငယ်ချင်းတွေထဲကိုလည်း ထိုးလိုက်တဲ့အခါမှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါဦး။

ဒီဇာတ်ကားက သဘာဝလွန်ဖြစ်နေလို့ ဝေဖန်မှုတွေရှိပေမယ့် ဇာတ်လမ်းသစ်တစ်ခုအနေနဲ့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်တာ ပိုကောင်းပါတယ်။ ဖရန့်အဖြစ် မာ့ခ်ဒျူပလက်စ်၊ ဇိုးအဖြစ် အိုလီ ဗီယာဝိုင်းလ်၊ ကလေးအဖြစ် အီ ဗန်ပီတာ၊ အီဗာအဖြစ် ဆာရာ ဘိုလ်ဂါ၊ နစ်ကိုအဖြစ် ဒေါ်နယ်ဂ လိုဗာတို့က ပါဝင်သရုပ်ဆောင် ထားတာပါ။

(ရုပ်ရှင်အညွှန်းကို 7daydaily မှ ပြန်လည် တင်ပြပါသည် )

(Blu-ray 720p အကြည်ကို ဖိုင်ဆိုဒ်အသေးဖြင့်တင်ဆက်ထားပြီးကြည်ကြည်လင်လင်ကြည့်ရှုနိုင်မည်
ဖြစ်ကြောင်းအာမခံပါသည် )


Filesize : 535 MB
Quality : Blu-Ray720p
Format : mkv

Running Time : 1 hour 23 minutes
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK


channelmyanmar.com

No comments:

Post a Comment