iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 29, 2015

Apple ရဲ့ ဝန်ထမ်းတစ်ဦး ဖြန့်လိုက်တဲ့ iPhone 6s နဲ့ iPhone 6s Plus တို့ရဲ့ သတင်း

စက်တင်ဘာလ ၉ ရက်နေ့မှာ မိတ်ဆက်ပြသမဲ့ iPhone 6s နဲ့ iPhone 6s Plus တို့မှာပါဝင်တဲ့ ကင်မရာဟာ 12 MP ဖြစ်လာနိုင်ကြောင်း ကောလဟာလတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီကောလဟာလဟာလည်း Apple စက်ရုံ Foxconn မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်က ရုံးတွင်းစာရွက်ပုံများ နှင့်တကွ ထုတ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီပုံကို လူတိုင်းသိပ်သတိမထားမိခင်မှာပဲ ကနဦးက ဓါတ်ပုံ လွှင့်တင်ခဲ့တဲ့ တရုတ် ဝက်ဘ်ဆိုဒ်မှာ ဖျက်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ Sogi ဆိုတဲ့ ဝက်ဘ်ဆိုဒ်နဲ့ GSMArena ဆိုတဲ့ ဝက်ဆိုဒ်တို့ရဲ့ ကူးယူဖော်ပြမှုတွေကြောင့် လူတော်တော်များများက ဒီသတင်းကိုတွေ့ရှိသွားခဲ့ပါတယ်။
ဒါကြောင့် အခုမိတ်ဆက်ပြသမဲ့ iPhone 6s နဲ့ iPhone 6s Plus တို့မှာ 4K အရည်အသွေးရှိတဲ့ ဗီဒီယိုတို့ကို ရိုက်ကူးနိုင်တဲ့ 12 MP ရှိ အပြင်ဘက် ကင်မရာနဲ့ 5 MP ရှိတဲ့ အတွင်းဘက် ကင်မရာတို့ပါဝင်လာနိုင်တယ်ဆိုတဲ့ သတင်းဟာတော့ မှန်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် Devices နှစ်ခုစလုံးရဲ့ RAM ဟာလည်း 2GB အထိ ရှိလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
iPhone 6s နဲ့ iPhone 6s Plus တို့ရဲ့ နောက်ထပ် သတင်းတွေအနေနဲ့ LTE Category 6 modem အမျိုးအစားနဲ့ 4G Network ကို ထောက်ပံ့ပေးထားတဲ့အပြင် Download speeds ကို 300 Mbps ထိ ရရှိအောင် တိုးမြှင့်ပေးနိုင်အောင် ထောက်ပံ့ပေးထားပါသေးတယ်။ တကယ်အစစ်အမှန်ဟုတ်မဟုတ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့  စက်တင်ဘာ ၉ ရက်နေ့မှာ မိတ်ဆက်မဲ့ Apple ပွဲကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
Ref : Teachradar
အောင်ကိုထက် (MMA)

No comments:

Post a Comment