iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 29, 2015

ကျောက်ဖြူတွင် တစ်နေ့တည်း ကလေးငယ် ၄ ဦးအပါအ၀င် လူ ၁၁ ဦး ခွေးရူးကိုက်ခံရ


 ကျောက်ဖြူ၊ သြဂုတ် ၂၉

 ကျောက်ဖြူတွင် ခွေးရူးတွေပေါများနေပြီး သြဂုတ်လ၂၈ရက်နေ့ တစ်နေ့တည်း ကျောင်းသား ကလေးငယ်၎ဦး အပါအ၀င် လူ စုစုပေါင်း ၁၁ ဦး ခွေရူး ကိုက်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

ခွေးရူးကိုက်ခံသူများ အထဲတွင် ကျား၃ဦး၊ မ၄ဦးနှင့် ကျောင်းသားကလေးငယ် ၄ဦး ဖြစ်ပြီး ယခုအခါ သူတို့ အားလုံးကို ခွေးရူးကာကွယ်ဆေး ထိုးထားပြီဖြစ်ကြောင်း ကျောက်ဖြူမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးသန်းလွင်က နိရဉ္စရာသို့ ပြောသည်။

“ ခွေးရူးတွေက တစ်ခြားခွေး အကောင်း အများအပြားကိုလည်း ကိုက်သွားခဲ့တယ်။ ဒီအတွက် ကျောက်ဖြူမြို့ပေါ်ရှိ ခွေးတွေ ခွေးရူးရောဂါ ကူးစက်ပြီး ပိုပြီး ခွေးရူးများလာရင် ဒီထက် အန္တရာယ် ပိုရှိနိုင်တယ်။ ခွေးရူးတွေ ပပျောက်သွားအောင် အဆိပ်ချပြီး ရှင်းလင်းအောင်လုပ်သွားဖို့ စီစဉ်နေပါတယ်” ဟု ဦးသန်းလွင် ကပြောသည်။

သြဂုတ်လ၂၉ရက် ညနေ၃နာရီခန့်မှ စတင်၍ ခွေးရူးများ ရှင်းလင်းရေး လုပ်ဆောင်သွားမည်ဟု သိရသည်။

“ ခွေးရူးတွေ ရှင်းလင်းသွားအောင် မြို့ခံတွေအနေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိတယ်။ တစ်ခြားခွေးတွေကိုလည်း ထပ်မံပြီး ကိုက်သွားတယ်ဆိုတော့ အန္တရာယ်ရှိတယ်။ ခွေးရူးတွေ အများအပြားပြန့်နေတာဆိုတော့ ကျောင်းသားတွေ၊ ကလေးငယ်တွေကို ထပ်ပြီး အကိုက်ခံရမှာကို စိုးရိမ်ရတယ်” ဟု ကျောက်ဖြူမြို့ခံ ကိုထွန်းထွန်းနိုင် ကပြောသည်။

လွန်ခဲ့သောလကလည်း ခွေးရူးကိုက်ခံရမှုကြောင့် ကျောက်ဖြူ စေတီတောင် ရပ်ကွက်မှ တစ်ဦးနှင့် အုန်းတောကျေးရွာမှ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment