iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, August 25, 2015

ဒဂုံမြို့နယ်တွင် ဆွဲကြိုးဖြတ်လုယူ ထွက်ပြေးသူများကို ဖမ်းမိ

  ဒဂုံမြို့နယ်တွင် လုယက်မှုကျူးလွန်သူများကို အချိန်တိုအတွင်း ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၂၅

၂၂.၈.၂၀၁၅ ရက်နေ့ ၂၃၀၀ အချိန်တွင် ဒဂုံမြို့နယ်နေ ကိုအောင်ထွန်းသည် အလုပ်မှနေအိမ်သို့ ပြန်လာရာ ဒဂုံမြို့နယ်၊ ပဒုမ္မာလမ်း၊ အိမ်တော်ရာ ဘုရားဝင်း ရှေ့အရောက် ယာဉ်အမှတ်/အမျိုးစား (စုံစမ်းဆဲ)အဖြူရောင်အငှားယာဉ်သည် ၎င်း၏ရှေ့မှပိတ်ရပ်၍ ယာဉ်ပေါ်မှ လူငယ်(၄)ဦးဆင်းလာကာ တစ်ဦးမှ ၎င်းဝတ်ဆင်ထားသော အလေးချိန်(၅) မူးသားခန့်ရှိ ရွှေဆွဲကြိုးကို ဆွဲဖြတ်လုယူ ထွက်ပြေးသွားခဲ့ပြီး ကျန်သူများမှ ၀ိုင်းဝန်းတွန်းထိုးခဲ့ကြသဖြင့် ပါး၊ လက်ဖျံနှင့် ကျောကုန်းတို့၌ ဖူးရောင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပါသည်။

ထိုသို့ဖြစ်ပွားစဉ် ကိုအောင်ထွန်းမှ အော်ဟစ်အကူအညီ တောင်းခံခဲ့၍ ပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များမှ အဆိုပါလူငယ်(၄)ဦးအား လိုက်လံဖမ်းဆီးခဲ့ရာ ၎င်းတို့အနက် လှိုင်သာယာမြို့နယ်နေသူများ ဖြစ်သည့် သက်ပိုင်စိုးနှင့် ဇော်မင်းလတ်တို့(၂)ဦးကို သက်သေခံ ရွှေဆွဲကြိုးနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသူများမှာ မင်းသူနှင့် ရဲလေး(ခ) ရဲရင့်အောင်(ခ)စိုးနိုင်လင်းတို့ ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူများ ဖြစ်ကြသည့် သက်ပိုင်စိုးပါ(၄)ဦးအား ဒဂုံမြို့မရဲစခန်း (ပ)၁၈၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ လှိုင်သာယာမြို့နယ်နေ မင်းသူနှင့် ရဲလေး(ခ)ရဲရင့်အောင်(ခ)စိုးနိုင်လင်းတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၎င်းတို့(၂)ဦးကို ၂၃.၈.၂၀၁၅ ရက်နေ့တွင် အသီးသီး ဆက်လက် ဖမ်းဆီး ရမိခဲ့ပြီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အခြားကျူးလွန်မှုများပါ စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment