iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, August 24, 2015

ညောင်ဦးမြိုနယ်တွင် တောဆင်ရိုင်း (၆)ကောင်အား ဓါတ်ပုံရိုက်ကူးစဉ် ဆင်နာမောင်းဖြင့် ရိုက်သဖြင့် (၁)ဦးသေဆုံး

ဓါတ်ပုံ - MOI
ညောင်ဦး သြဂုတ် ၂၄

ညောင်ဦး မြို့နယ်အတွင်း ရောက်ရှိ လာသော တောဆင်ရိုင်း (၆)ကောင်သည် ယနေ့ နေ့လည် ၂နာရီ ၁၅ မိနစ်အချိန်တွင် ပြွန်ကျေးရွာအုပ်စု၊ တာလန်းကန်ဘက်တွင် ရောက်ရှိစဉ် ဖိုးပိုင်က ဆင်များအား ဓါတ်ပုံရိုက်ကူးရန် ပြင်နေစဉ် ဆင်မှ နာမောင်းဖြင့် ရိုက်သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

ဖိုးပိုင် (အဖ) ဦးမုန်း၏ သား (၃၄)နှစ် ၉/ညဥန(နိုင်)၁၆၇၁၈၉ ကံကျဲကျေးရွာ နေသူသည် တောဆင်ရိုင်း (၆)ကောင်အား ဓါတ်ပုံရိုက်ကူးရန် ပြင်ဆင်နေစဉ် ဆင်(၁)ကောင်မှ နှာမောင်းဖြင့် ရိုက်သောကြောင့် ခြေထောက် (၂)ဖက်ကျိုး၊ လက် (၂)ဖက်ကျိုး ၀မ်းဗိုက်ပေါက် ဒဏ်ရာရရှိသဖြင့် တောင်ဇင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ နေ့လည် ၂နာရီ ၄၅ မိနစ် အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

ညောင်ဦး ခရိုင်ပြန်/ဆက်

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment