iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, August 24, 2015

မန်စီးတီး နဲ့ပွဲမှာ ၀က်ရူးထပြန်ခဲ့တဲ့ ပရိတ်သတ်အတွက် အဲဗာတန် အသင်း ဆုတောင်းပေး



ပရီးမီးယားလိဂ် ကလပ် အသင်းတစ်သင်း ဖြစ်တဲ့ အဲဗာတန် အသင်းဟာ တနင်္ဂနွေနေ့ညက မန်ချက်စတာစီးတီး အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ  ၀က်ရူးပြန်ရောဂါ ဖြစ်သွားတဲ့ ပရိတ်သတ် တစ်ယောက်အတွက် အကောင်းဆုံးဖြစ်အောင် ဆုတောင်းပေးနေတယ်လို့ သိရပါတယ်။ ထို ပွဲစဉ်ဟာ ရုပ်/သံ အစီအစဉ်မှာပါ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

အဲဗာတန် အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Goodison Park ကွင်းကြီး မှာ ယှဉ်ပြိုင်နေစဉ် အဲဗာတန် အသင်းရဲ့ အမာခံ ပရိတ်သတ် တစ်ယောက်ဖြစ်သူ ဟာ ရောဂါ ဖောက်လာပြီး ပွဲကြည့်စင်မှာ လဲကျသွားတာကို မန်ချက်စတာ စီးတီး အသင်းရဲ့ တိုက်စစ်မှုး Sergio Aguero က ထောင့်ကန်ဘော ကန်တင်ဖို့ ကြိုးစားနေစဉ်မှာ တွေ့ရှိသွားတာဖြစ်ပါတယ်။

အာဂျင်တီးနား နိုင်ငံ လက်ရွေးစင်လည်းဖြစ်တဲ့ Aguero က ဒိုင်လူကြီး ကို ကစားနေတာ ရပ်လိုက်ဖို့ အချက်ပြပြီး လက်ဝှေ့ယမ်းပြ ကာ ဆေးအကူအညီ ရယူဖို့ အကူအညီတောင်းခံခဲ့တာပဲ ဖြစ်ပါတယ်။ ဘောလုံးကွင်းရဲ့ ရှေးဦးသူနာပြု အဖွဲ့ဟာ ထို နေရာကို အလျင်အမြန်ရောက်လာပြီး ထို ပရိတ်သတ်ကို ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ထို အဖြစ်အပျက် ဖြစ်ပြီး မကြာခင် အချိန်အတွင်းမှာပဲ အဲဗာတန် အသင်းဟာ Twitter မှာ " ဒီနေ့ပွဲစဉ်ရဲ့ ပထမဆုံးမိနစ် မှာ ဆေးသောက်ခဲ့တဲ့ ပရိတ်သတ်ကို ဆေးရုံမသွားခင်အချိန်အထိ ကျွန်ုပ်တို့ ကွင်းမှာပဲ ကုသပေးမှာဖြစ်တယ်လို့ ပြောထားပါတယ်။ ကျွန်ုပ်တို့ဟာ သူ့ကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပါစေလို့ ဆုတောင်းပေးပါတယ်။" လို့ ရေးသားထားပါတယ်။

ထိုပွဲစဉ်မှာတော့ မန်ချက်စတာစီးတီး အသင်းဟာ Aleksandar Kolarov နဲ့ လူစားဝင်လာတဲ့ ကစားသမား Samir Nasri တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ရှင် အဲဗာတန် အသင်းကို ၂ဂိုး-ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment