iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, August 27, 2015

ဖိလစ်ပိုင်သမ္မတချီးမြှင့်မယ့် ရီမွန်မက်ဆေးဆေးဆု


 နာရေးကူညီမှုအသင်း (ရန်ကုန်) ကိုတည်ထောင်သူ ဦးကျော်သူနဲ့ အာရှတိုက်က ဆုရရှိသူ ၄ ဦးကို ဖိလစ်ပိုင်သမ္မတ ဘီနစ်နို အာကွီနို က အာရှရဲ့ အမြင့်ဆုံးလို့တင်စားတဲ့ ရေမွန်မက်ဆေးဆေးဆုကို လာမယ့် သြဂုတ်လ ၃၁ရက်နေ့မှာ ချီးမြှင့်ဂုဏ်ပြုမယ်လို့ မက်ဆေးဆေးဆုအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဆုရရှိသူအားလုံးဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို လာမယ့် သြဂုတ်လ ၂၆ ရက်နေ့မှာ ရောက်ရှိကြမှာဖြစ်တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ရီမွန်မက်ဆေးဆေးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ၁၉၅၇ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆုပေးတဲ့နေ့အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

ဓါတ်ပုံ - Ramon Magsaysay Award
RFA Burmese
https://www.facebook.com/pages/RFA-Burmese

No comments:

Post a Comment