iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 22, 2015

ဓာတ်ငွေ့ယိုစိမ့်၍မီးလောင်ရာမှ သုံးဦးဒဏ်ရာရ


 ရန်ကုန် သြဂုတ် ၂၁

 ဗိုလ်တထောင်မြို့နယ် သန်လျက် စွန်းလမ်းရှိ မြန်မာ့ စီးပွားရေးကော်ပို ရေး ရှင်းပိုင် ဓာတ်ငွေ့စက်ရုံ၌ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဓာတ်ငွေ့ အိုးဖြည့် တင်းရာမှ ယိုစိမ့်၍ မီးလောင်မှုဖြစ်ပွားရာ ဝန်ထမ်းသုံးဦး ထိခိုက် ဒဏ်ရာရရှိသွားပြီး မီးမှာ မွန်းတည့် ၁၂ နာရီခန့်တွင် ငြိမ်းသွား ခဲ့ကြောင်း ကနဦး သတင်းအရ သိရ သည်။

ဖြစ်ပွားပုံမှာ ဓာတ်ငွေ့အက်ဆစ် တလင်းကို ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့ အိုးများ အတွင်းသို့ ဖြည့်သွင်းရာ ယိုစိမ့်လာပြီး မီးထွက်ရှိ သည်ကို တာဝန်ကျ ဝန်ထမ်းသုံးဦး ဖြစ်သော အောင်သူ၊ အောင်ကိုလတ် နှင့် သိန်းသန်းလင်း တို့က ယိုစိမ့်သည့် နေရာများကို လိုက်လံပိတ်စဉ် မီးဟပ်၍ ဒဏ်ရာများ ရရှိ သွားကြောင်း သိရသည်။ ၎င်းတို့သုံးဦး၏ တာဝန်ကျေ ပွန် မှုကြောင့်ပင် မီးမှာ မွန်းတည့် ၁၂ နာရီ ခန့်တွင် ငြိမ်းသွားခဲ့ကြောင်း သိရသည်။

(ဌေးအောင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment