iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 22, 2015

ပရီးမီးယားလိဂ်မှာ ပထမဆုံး ကစားခွင့်ရတဲ့ အိန္ဒိယ အမျိုးသမီး ဂိုးသမား



ပရီးမီးယားလိဂ် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ၀က်စ်ဟမ်း အသင်းရဲ့ အမျိုးသမီး အသင်း ကဏ္ဍ အတွက် ခေါ်ယူလိုက်တဲ့ ဂိုးသမား Aditi Chauhan ဟာ အိန္ဒိယ နိုင်ငံကနေ ပရီးမီးယားလိဂ်မှာ ပထမဆုံးကစားခွင့်ရတဲ့ အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

အရင်တုန်းက အိန္ဒိယ ဘောလုံး ကလပ် အသင်းတစ်သင်းဖြစ်တဲ့ FC Goa ရဲ့ ကြယ်ပွင့်တစ်ယောက်လည်းဖြစ်တဲ့ ဂိုးသမားလေး Aditi Chauhan ဟာ သူမရဲ့ သမိုင်းဝင် စာချုပ်ချုပ်ဆိုမှု ကြောင့် Twitter ကတစ်ဆင့် အကြီးအကျယ် ချီးမွမ်းခံနေရပြီး ၀က်စ်ဟမ်း အမျိုးသမီး အသင်းရဲ့ တရားဝင် အကောင့်ကနေလည်း Hindi ဘာသာနဲ့ ရေးထားတဲ့ Tweet တစ်ခု ပေါ်ထွက်လာခဲ့တယ်လို့ သိရပါတယ်။

ဒီ အပြောင်းအရွှေ့ သဘောတူညီမှု ကိုလူအများ စိတ်ဝင်စားနေခြင်းဟာလည်း အမျိုးသမီး ဘောလုံးအားကစားဟာ တစ်ဖြည်းဖြည်း ရေပန်းစားလာတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

ဒီနှစ် အစောပိုင်းတုန်းကလည်း အမျိုးသမီး ကမ္ဘာ့ဖလား ဟာ တစ်ကမ္ဘာလုံးရဲ့ အသိအမှတ်ပြု အာရုံစိုက်ခြင်းကို ခံခဲ့ရတဲ့အပြင် ဗီဒီယို ဂိမ်းတွေမှာပါ အမျိုးသမီး ဘောလုံးအသင်းတွေ ထည့်သွင်းလာခြင်းနဲ့ ဘောလုံးအားကစားမှာ အမျိုးသမီး တွေပါဝင် တဲ့ ကဏ္ဍ ဟာ လည်း မြင့်မားလာခဲ့ပါတယ်။

Chauhan ဟာ ၀က်စ်ဟမ်း အသင်းအတွက် ပြီးခဲ့တဲ့ အပတ်တုန်းက ပွဲဦးထွက် ကစားပေးခဲ့ပေမယ့်လည်း ထိုပွဲစဉ် မှာ ၀က်စ်ဟမ်း အမျိုးသမီး အသင်းဟာ Covenry အသင်းကို ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

( Mario )

No comments:

Post a Comment