iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, August 28, 2015

Facebook အသုံးပြုသူပေါင်း ၁ ဘီလီယံထိတိုးတက်လာ

ကမ္ဘာ့ လူသုံးအများဆုံး Website စာရင်းများအရ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ Facebook ဟာ လက်ရှိအချိန်မှာတော့ တစ်ရက်လျှင် အသုံးပြုသူပေါင်း ၁ ဘီလီယံအထိ ပိုင်ဆိုင်ထားတဲ့ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်တစ်ခုအဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။
အရင်က တစ်ရက်လျှင် အသုံးပြုသူပေါင်း  မီလီယံကျော်ကျော်သာ ရှိခဲ့တဲ့ Facebook ဟာ လက်ရှိအချိန်မှာ ဘီလီယံအထိအသုံးပြုသူတိုးပွားလာခဲ့ခြင်းဖြစ်ပါတယ်။ Facebook တည်ထောင်သူ Mack Zuckerberg ဟာ ကမ္ဘာပေါ်မှာ လူပေါင်း ၇ ဘီလီယံကျော်ရှိတဲ့အထဲကမှ တစ်ဘီလီယံလောက်က Facebook ကို နေ့စဉ်အသုံးပြုကြတယ်ဆိုတဲ့အတွက် အရမ်းဝမ်းသာနေကြောင်း သူ့ရဲ့ Facebook Timeline မှာ ရေးသားဖော်ပြထားပါတယ်။ အခုရောက်ရှိခဲ့တဲ့ အောင်မြင်မှုတစ်ခုဟာ သူ့အတွက် အရေးကြီးတဲ့ အောင်မြင်မှုတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ပြောကြားထားပါသေးတယ်။
ဟားဗတ်ကျောင်းခန်းလေးထဲကနေ ၂၀၀၄ ခုနှစ်ကနေ စတင်ခဲ့တဲ့ Facebook ဆိုတဲ့ ဝက်ဘ်ဆိုဒ် လေးဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့လူသုံးအများဆုံး ဝက်ဘ်ဆိုဒ် စာရင်းမှာ နံပါတ်နှစ်နေရာကို ရယူထားတဲ့ ဝက်ဘ်ဆိုဒ်ကြီးတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။
Ref : Mashable
Aung Ko Htet (MMA)

No comments:

Post a Comment