iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 29, 2015

iPhone 6 ၀ယ်ဖို့ အတွက် ဒဏ်ရာရချင်ယောင်ဆောင်ကာ လေ့ကျင့်ရေးအစီအစဉ်ကနေ လစ်ခဲ့တဲ့ Mario Balotelli



ဒါဟာ Mario Balotelli ရဲ့ မရေမတွက်နိုင်တဲ့လုပ်ရပ်ဆိုးတွေထဲက တစ်ခုဖြစ်ပြီး Liverpool အသင်းဟာ ဒီနွေရာသီမှာ ဘာလို့ သူ့ ကိုဒီလောက်ထွက်စေချင်နေလဲဆိုတဲ့အကြောင်းပြချက်တစ်ခုပဲ ဖြစ်ပါတယ်။

Mario Balotelli ဟာ Liverpool အသင်းလေ့ကျင့်ရေးကွင်း Melwood အ၀တ်အစားလဲခန်းမှာ အသင်းဖော်တစ်ယောက် ကိုင်ထားတဲ့ဖုန်းကို မျက်စိကျခဲ့ပါတယ်။ ဒီဖုန်းဟာ iPhone 6 အသစ်မှန်း သိရှိခဲ့ပြီး Apple ရဲ့နောက်ဆုံးပေါ်စမတ်ဖုန်းကို သူမပိုင်ဆိုင်ရသေးကြောင်း သိရှိလိုက်ရတဲ့အခါ သိသိသာသာ စိတ်ခုသွားတာကို မြင်တွေ့ ခဲ့ရကြောင်း မျက်မြင်ကြုံခဲ့ရသူတွေက Liverpool Echo သတင်းဝက်ဘ်ဆိုဒ်ကို ပြောပြပါတယ်။
သိပ်မကြာခင်မှာ Balotelli ဟာ အသင်းရဲ့သွေးပူလေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ခဲ့ပြီး မိနစ်အနည်းငယ် အတွင်းမှာပဲ တံကောက်ကြောနည်းနည်းနာသွားတယ်ဆိုပြီး ရပ်နားလိုက်ပါတယ်။ ၀န်ထမ်းတွေဟာ Balotelli ရဲ့ ဒဏ်ရာကို ဆရာဝန်တွေစစ်ဆေးနိုင်အောင်လို အထဲကို ပြန်ပို့ ခဲ့ရတယ်လို့ ဆိုပါတယ်။

Liverpool အသင်းကစားသမားတွေဟာ မိနစ် ၉၀ လေ့ကျင့်မှုအပြီး အ၀တ်အစားလဲခန်းထဲ ပြန်အလာမှာ အားပါးတရပြုံးနေတဲ့ Balotelli ကို အခန်းထောင့်မှာ ထိုင်နေတာမြင်လိုက်ရပြီး လက်ထဲမှာ iPhone 6 အသစ်တစ်လုံးကိုင်ထားကာ ဘူးခွံထုပ်ထားတဲ့ပစ္စည်းတွေကလည်း သူ့ နားမှာပြန့် ကြဲနေတယ်လို့ ဆိုပါတယ်။

Balotelli ဟာ iPhone 6 ကို သွားဝယ်ဖို့ အတွက် သူ့ နောက်လိုက်တစ်ယောက်ယောက်ကို စေလွှတ်ခဲ့ပုံ ရပြီး တံကောက်ကြောဒဏ်ရာကလည်း ယူပစ်သလို ပျောက်ကင်းသွားခဲ့ကြောင်း Liverpool သတင်းသီးသန့် ဝက်ဘ်ဆိုဒ် Liverpool Echo မှာ ဖော်ပြခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(အားကစား)

No comments:

Post a Comment