iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, September 12, 2015

လီဗာပူး နဲ့ ပြန် ရင်မဆိုင်ရဲတဲ့အတွက် တော့တင်ဟမ်ကို ငြင်းပယ်ခဲ့တဲ့ Gerard



ပရီးမီးယားလိဂ် ရဲ့ ဂန္တ၀င် ကစားသမား ဟောင်း Steven Gerrard ဟာ သူ့အနေနဲ့ တော့တင်ဟမ် ကို ငြင်းပယ်ပြီး မေဂျာလိဂ် ကို ပြောင်းရွှေ့ခဲ့ရတာဟာ လီဗာပူး အသင်းကို ပြန် ရင်မဆိုင်နိုင်တဲ့အတွက် ဖြစ်တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ ကစားသမားဟောင်းလည်း ဖြစ်တဲ့ Gerrard ဟာ သူ့အနေနဲ့ LA Galaxy အသင်းကို မပြောင်းရွှေ့ခင်တုန်းက တော့တင်ဟမ် စပါး အသင်းရဲ့ ကမ်းလှမ်းခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် အသင်း ခေါင်းဆောင် ဟောင်း Gerard ရဲ့ လီဗာပူး အသင်းအပေါ် သစ္စာ စောင့်သိ မှု ကတော့ လေးစားစရာပါ။

သူ့အနေနဲ့ လီဗာပူး အသင်းကို တစ်ဖက် ပြိုင်ဘက် အသင်းကနေ ယှဉ်ပြိုင်ကစား ဖို့ မဖြစ်နိုင်တဲ့အတွက် လီဗာပူး အသင်းနဲ့ ပရီးမီးယား လိဂ် ပြိုင်ဘက် ဖြစ်တဲ့ တော့တင်ဟမ် စပါး အသင်းရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တာပဲ ဖြစ်ပါတယ်။

Gerard ဟာ ကာတာ ၊ ပြင်သစ် ၊ စပိန် နဲ့ တူရကီ တို့ဘက်က ငွေကြေး အမြောက်အများ နဲ့ ကမ်းလှမ်းမှုတွေကိုလည်း ပယ်ချခဲ့သေးတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ LA Galaxy အသင်းကို ပြောင်းရွှေ့ပြီးတဲ့နောက်မှာ လီဗာပူး အသင်းနဲ့တုန်းက မျှော်လင့်ဖို့ မလွယ်ကူတဲ့ လိဂ် ချန်ပီယံ အိပ်မက်တွေကို ရရှိခဲ့တယ်ဆိုတာကိုတော့ ၀န်ခံထားပါတယ်။

ဒါ့အပြင် သူ့မိသားစု ရဲ့ လိုအပ်ချက်တွေအတွက် ဘ၀ ရဲ့ အရည်အသွေးတွေဟာ LA မှာ ပိုပြီး အံ့ဝင်ခွင်ကျ ဖြစ်တယ်လို့ လည်း သူက ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)

No comments:

Post a Comment