Apple ရဲ့ အိုင်ဖုန်းသုံး OS အသစ်ဖြစ်တဲ့ iOS9 ကို လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့မှာ စတင် ဖြန့်ချိသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ iOS9 ကို ပြီးခဲ့တဲ့ ဇွန်လက WWDC မှာကတည်းက Apple တို့ မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။
အကြီးမားဆုံး ထူးခြားချက် အနေနဲ့ iPad တွေပေါ်မှာ သုံးတဲ့အခါ App နှစ်ခုကို တစ်ပြိုင်နက်တည်း အသုံးပြုလို့ ရစေနိုင်တာမျိုး ပါဝင်လာခြင်း ဖြစ်ပါတယ်။ Note မှာ to do list များ ထားရှိလို့ရခြင်းလည်း ပါဝင် ပါတယ်။ ဖုန်းရဲ့ လုပ်ဆောင်ချက်ကို ပိုမို မြန်ဆန်လာစေပြီး နောက်ထပ် ထူးခြားချက် တစ်ခုကတော့ low battery mode ပြောင်းရင် နောက်ထပ် သုံးနာရီစာ တာရှည်ခံ အသုံးပြု နိုင်ခြင်း ဖြစ်ပါတယ်။ iOS9 မှာ Search အပိုင်းလည်း ပိုမို ကောင်းမွန်လာပြီး Siri ရဲ့ လုပ်ဆောင်ချက်တိုးမြင့်ထား ပါတယ်။ ပြီးတော့ မိမိဝင်နေကျ App များ၊ feature များကို လွယ်တကူ ပြသထားပေးတာကြောင့် ခပ်မြန်မြန် လုပ်ဆောင်ချက်များ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။
Update လုပ်မယ်ဆိုရင် သူ့ size က 1.8GB ရှိပါတယ်။ ဒါကြောင့်မို့ မိမိရဲ့ iPhone ထဲမှာ Space အနည်းဆုံး 1.8 GB ရှိရန် အထူးလိုအပ် ပါလိမ့်မယ်။
အသေးစိတ်ကို https://www.apple.com/ios/whats-new/ မှာ လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (MMA)
အသေးစိတ်ကို https://www.apple.com/ios/whats-new/ မှာ လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (MMA)
No comments:
Post a Comment