- iPhone 6S ရဲ့ ဘက်ထရီဟာ 1715mAH ရှိပြီး iPhone 6S Plus က 2750 ရှိပါတယ်။ ယမန်နှစ်က ထွက်ခဲ့တဲ့ iPhone 6 ဆိုရင် 1810mAH ရှိပြီး 2915mAH ရှိပါတယ်။ ဂဏန်းပမာဏအားဖြင့် ကြည့်ရင်တော့ ယမန်နှစ်က ထွက်ရှိတဲ့ အိုင်ဖုန်းတွေက အားပိုများတယ်လို့ မြင်စရာ ရှိပါတယ်။
တကယ်တန်းကျတော့ ယမန်နှစ်အိုင်ဖုန်းရဲ့ ဘက်ထရီစွမ်းဆောင်ရည်နဲ့ ယခုနှစ် အိုင်ဖုန်း ဘက်ထရီတို့ရဲ့စွမ်းဆောင်ရည်ဟာ အတူတူသာ ဖြစ်ပါတယ်။ ၁၄ နာရီ talk time နဲ့ ၁၀ နာရီ အင်တာနက်သုံး ကြာချိန် အစရှိသဖြင့်တို့က အတူတူသာ ဖြစ်ပါတယ်။ ဘက်ထရီကို mAH လျော့လိုက်နိုင်ခြင်းက A9 Processor ကြောင့်မို့ ဖြစ်ပါတယ်။ A9 Processor မှာ ဘက်ထရီမှ အားကို ထုတ်ယူစားသုံးတဲ့ နည်းလမ်းကို အသက်သာဆုံး ဖြစ်အောင် လုပ်ထားခြင်း ဖြစ်ပါတယ်။ တကယ်တန်း သေချာ လေ့လာမယ်ဆိုရင် 1715 mAH ထည့်တဲ့ ယခုနှစ် အိုင်ဖုန်းက ပို အလုပ်များပါလိမ့်မယ်။ 3D touch လိုမျိုး လုပ်ဆောင်ချက်၊ အချိန်မရွေး ခေါ်ဆိုတဲ့အခါမှာ အဆင်သင့်ရှိနေမယ့် Siri လို app များကို ဖွင့်ထားရမှာမို့ ဖြစ်ပါတယ်။
အကြမ်းဖျဉ်းအားဖြင့် လေ့လာကြည့်မယ်ဆိုရင်တော့ iPhone 6S နဲ့ iPhone 6 တို့ ဘက်ထရီအား တူတယ်လို့တောင် မြင်နိုင်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)
.
Ref: dailymail
အောင်ခမ်း (MMA)
No comments:
Post a Comment