iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, September 11, 2015

iPhone 6s/6s Plus ၂ ခုစလုံးတွင် RAM 2GB တပ်ဆင်ထား

စက်တင်ဘာလ ၉  ရက်နေ့တွင်ပြုလုပ်ခဲ့သည့် APPLE EVENT မှာ Apple ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်များက iPhone 6s/6s Plus နဲ့ပတ်သက်တဲ့အချက်အလက်များကို ဖြေကြားပေးခဲ့သော်လည်း ပရိတ်သတ်များမသိလိုက်ရသည့်အကြောင်းအရာမှာ iPhone 6s/6s Plus တွင် RAM ပမာဏမည်မျှဖြစ်သည်ဆိုသည်ကိုပင်ဖြစ်သည်။ သိလည်းသိချင်နေကြသည့်အဖြေဖြစ်သည်။ ဒါပေမယ့် Apple Event ပွဲအပြီးမှာ တက်ရောက်လာသူတွေစမ်းသပ်ဖို့ချပေးထားတဲ့ဖုန်းတွေကိုစမ်းသပ်ချက်အရ iPhone 6s/6s Plus ၂ ခုစလုံးတွင် RAM 2GB တပ်ဆင်ထားကြောင်းကိုသိရှိခဲ့ရတယ်လို့ စက်တင်ဘာလ ၉  ရက် Apple Event မှာတက်ရောက်လေ့လာခဲ့သူများကဆိုပါတယ်။ iPhone 6s/6s Plus တို့ကိုစမ်းသပ်သုံးစွဲခဲ့ကြည့်ရာမှာလည်း iPhone 6/6 Plus ထက်ပိုမိုမြန်ဆန်သွက်လက်ကြောင်းလည်းသိရပါတယ်။ ယခင် iPhone များထက် RAM ပမာဏတိုးမြှင့်ထားသော်လည်း Battery ပိုင်းမှာတော့ ယခင် iPhone 6/6 Plus ထက်အနည်းငယ်လျှော့ချထားကြောင်းသိရပါတယ်။ ယခု iPhone 6s မှာ 1715 mAh Battery ကိုတပ်ဆင်ထားပါတယ်။
iPhone-6s-Battery.png
ယခင် iPhone 6 တုန်းကတော့ 1810 mAh Battery တပ်ဆင်ခဲ့ပါတယ်။ ဘက်ထရီပမာဏလျှော့ချထားပေမယ့် iPhone 6s/6s Plus များတွင်အသုံးပြုထားသည့် CPU ဖြစ်သည့် A9 Chip ဟာ ယခင် iPhone များထက် ဘက်ထရီသုံးစွဲမှု ၊ အားကုန်လွယ်မှုလျော့နည်းအောင်ပြုလုပ်ပေးထားတာကြောင့် iPhone 6s/6s Plus များဟာ ယခင် iPhone များထက်ပိုပြီးဘက်ထရီအသုံးခံမှာပါ။ iPhone 6 Plus မှာတုန်းက 2910 mAh Battery အသုံးပြုခဲ့ပြီး ယခု iPhone 6s Plus မှာတော့ 2750 mAh Battery အသုံးပြုထားကြောင်းသိရပါတယ်။

Ref: MobileSyrup
Thet Naing Soe (Myanmar Mobile App)

No comments:

Post a Comment