Siri ရဲ့ တိုးလာတဲ့ စွမ်းရည်ထဲမှာ ပိုင်ရှင်ရဲ့ အသံကို မှတ်သားထားခြင်းလည်း ပါဝင်ပါလိမ့်မယ်။ ဒါကြောင့်မို့ အကယ်၍ မိမိရဲ့ ဖုန်း ပျောက်ပြီးတော့ ပြန်တွေ့တဲ့အခါ ဒါဟာ မိမိဖုန်း ဖြစ်ကြောင်း သက်သေပြတဲ့ နည်းလမ်းတစ်ခုလို့ပဲ ဆိုရမလား။
iPhone 6S နဲ့ 6S Plus တို့မှာ Hey Siri လို့ လှမ်းအော်လိုက်ရင် ဘာမှ နှိပ်စရာမလိုပဲ ဖွင့်ပေးပါတယ်။ ယင်းကဲ့သို့ Feature ကို iOS 8 မှာကတည်းက ထည့်ထားပေး ပါတယ်။ ဒါပေမယ့် ဖုန်းကို အားသွင်းထားပြီး ပြောမှသာ သူက ပေါ်လာတာပါ။ သူ့ကို Proactive assistance လို့ခေါ်ပြီး အမြဲတမ်း Standby ရှိနေတဲ့အနေအထား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆက်တိုက်အားသွင်းနေတာ မဟုတ်ရင် အားစားတာ အရမ်းများပါတယ်။ A9 Processor မှာ သူ့အတွက် Energy control လုပ်ပေးတဲ့ နည်းပညာ မပါဝင်လာပါဘူး။ iOS9 ထွက်ရှိပြီးတဲ့အခါမှာလည်း Hey Siri လို့ပြောလိုက်ရုံနဲ့ ခလုတ်နှိပ်စရာမလိုပဲ အခြားသော iPhone တွေပေါ်မှာ ပေါ်ဖို့ မသေချာ ပါဘူး။ ယခု အသစ်ထွက်တဲ့ iPhone 6S နဲ့ 6S Plus တို့မှာတော့ ပေါ်ပါလိမ့်မယ်။ သူတို့မှာ အသုံးပြုထားတဲ့ A9 Processor ဟာ စွမ်းအင် သုံးစွဲမှုအတွက် အဆင့်မြင့်စီမံထားခြင်းကြောင့် ဖြစ်ပါတယ်။
Siri ကို အနာဂတ်မှာ ပိုပြီးတော့ တိကျစွာနဲ့ သက်လွက်စွာ ဖြေကြားပေးတတ်တဲ့ Assitance ဖြစ်အောင် Apple မှ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)
.
Ref: dailymail
အောင်ခမ်း (MMA)
No comments:
Post a Comment