
အခုခေတ်က Android ခေတ်ဆိုတော့ အသုံးတည့်နိုင်မယ့် Application လေးတစ်ခုမျှဝေပေးလိုက်ပါ တယ်ဗျာ။ ဖုန်းနဲ့ Internet ထဲမှာ Video တွေ သီချင်းတွေကို ဒေါင်းလုပ်ဆွဲချင်တယ်ဆိုရင်သင့်တော်ပါတယ် ဗျာ။ ခေါင်းစဉ်မှာတော့ YouTube လို့ရေးထားပေမယ့် အချို့သောဆိုဒ်တွေက Video နဲ့ သီချင်းတွေ ကိုလည်း ဖုန်းနဲ့ဒေါင်းယူနိုင်ပါတယ်။YouTube ဆိုရင်တော့အဆင်ပြေဆုံးဖြစ်မှာပါ။ အသုံးပြုပုံကလည်း လွယ်ပါတယ်။ Application လေးကို Install လုပ်ပြီး လိုချင်တဲ့ သီချင်း ဒါမှမဟုတ် Video ကို ရှာလိုက် ပါ။ တွေ့ပြီဆိုရင်ဖွင့် လိုက်တာနဲ့ Download or Watch ဆိုပြီး မေးပါလိမ့်မယ့်။ ကြည့်ရုံဘဲဆိုရင်တော့ Watch ပေါ့ဗျာ။သိမ်း ထားချင်လို့ ဒေါင်းယူမယ်ဆိုရင်တော့ Download ကိုနှိပ်ပြီး ဒေါင်းရုံပါဘဲ။ ဒါဆိုရင် Internet ပေါ်က သီချင်း / Video တွေဟာ မိမိဖုန်းထဲကိုရောက်သွားမှာဖြစ်ပါတယ်။



www.pyaephyo.com
No comments:
Post a Comment