iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, December 21, 2015

A Chinese Ghost Story (1987) မြန်မာစာတန်းထိုး ( 18+ )


ဒီနေ့အတွက် Special ဇာတ်ကားပါ .. ကျွန်တော်ငယ်စဉ်ကတည်းက စွဲလန်းစွာ နှစ်ခြိုက်ခဲ့ရတဲ့
ဇာတ်လမ်းဖြစ်သလို..ယနေ့ပြန်ကြည့်တဲ့တိုင်လုံးဝမရိုးသေးပါ...
18+ ခေါင်းစဉ်တပ်ထားပါတယ်..တချို့အခန်းတွေကမိသားစုနဲ့အတူကြည့်ဖို့မသင့်တော်လို့ပါ
A Chinese Ghost Story စီးရီးတွေကို ရင်းနှီးပြီးကြားဖူးကြမယ်ထင်ပါတယ်..နောက်ပိုင်းမှာလူကြိုက်များ
လှတဲ့ မင်းသမီး liu Yifei ပါဝင်သရုပ်ဆောင်ထားတဲ့ကားတွေရဲ့ မူရင်းဇာတ်လမ်းအခံကတော့ 1987
မှာပထမဆုံးစတင်ထွက်ရှိခဲ့တဲ့ ဇာတ်ကားပါပဲ..ဗဟုသုတလေးအနေနဲ့ပြောရရင်..ဒီကားထဲက အဓိက
ဇာတ်ဆောင်ဖြစ်တဲ့မင်းသား Leslie Cheung ဟာ 2003 ခုနှစ် April 1 ရက်နေ့မှာ ဟောင်ကောင်မှာ
ရှိတဲ့ Mandarin Oriental Hotel ရဲ့ 24 ထပ်ကနေ ခုန်ချပြီး..အဆုံးစီရင်ခဲ့ပါတယ်...
မင်းသမီးဖြစ်တဲ့ Joey Wang ကတော့ အခုအချိန်မှာ အသက် ၄၈ နှစ်တောင် ဖြစ်နေပါပြီ...ဆက်ရအောင်
ကျွန်တော့်အမြင်အရပြောရမယ်ဆိုရင် A ChineseGhost Story စီးရီးတွေထွက်ခဲ့သမျှထဲမှာ 1987 မှာ ထွက်တဲ့ နံပါတ် ၁ နဲ့ 1990 မှာ ထွက်တဲ့ နံပါတ်၂လောက် ဘယ်ကားမှ မကောင်းပါဘူး...
လူသားကောင်လေးတစ်ယောက်နဲ့တစ္ဆေမလေးတစ်ယောက်
တို့ချစ်ကျွမ်းဝင်တဲ့ ဇာတ်ကားကို ဟာသလေးတွေနဲ့ လွမ်းမောဖွယ်ဇာတ်လမ်းလေးကို ပုံဖော်ရိုက်ကူး
ထားတာပဲဖြစ်ပါတယ်..ကျွန်တော်တို့ငယ်စဉ်ဘ၀တုန်းက ကြည့်မိတဲ့ဇာတ်ကားတွေထဲမှာ ရင်ထဲမှာ
စွဲကျန်နေခဲ့တဲ့ဇာတ်ကားထဲက တစ်ကားမျိုးပေါ့...IMDb Rate လည်း 7.6 ရရှိထားပါတယ်..

ဇာတ်လမ်းအညွှန်းလေးကိုခံစားကြည့်ရအောင်

လင်ချိုင်စံဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ရပ်ဝေးကနေ နယ်တခုကိုလာပြီးတော့ အကြွေးတောင်း
တဲ့သူပါ...လမ်းခရီးသွားလာရတာ ကြမ်းတမ်းပြီး သူခိုးဓါးပြများလည်းပေါများတဲ့အချိန်မို့လို့..သူ့အရင်
လာတဲ့သူတွေအသတ်ခံရတာပေါ့..လမ်းမှာမိုးတွေရွာပြီး အရမ်းစိုရွဲသွားလို့ အကြွေးစာရင်းတွေပါ
ပျက်စီးသွားခဲ့တယ်..အဲ့တော့ အကြွေးကလည်းတောင်းမရ..လူတွေကလည်း စာရင်းထဲမှာနာမည်မရှိရင်
ပိုက်ဆံ မပေးနိုင်ဘူးဆိုပြီး ပြောတော့ သူ့မှာနေစရာ စားစရာလုံးဝမရှိတဲ့ဘ၀ထိရောက်သွားပါတယ်..
ညဘက် တည်းဖို့ နေရာလိုက်ရှာတော့ ချောက်ချ ချင်တဲ့သူတစ်ယောက်က သစ်ခွ ဘုရားကျောင်းမှာ
တည်းပါလို့ ပြောလိုက်ပါတော့တယ်..တကယ်တော့ သစ်ခွ ဘုရားကျောင်းဟာ..သရဲတစ္ဆေတွေကြီးစိုးရာ
နေရာ..ဖြစ်ပါတယ်..ဒါကိုမသိတဲ့ လင်ချိုင်စံ တစ်ယောက် အူကြောင်ကြောင်နဲ့ ရောက်သွားပါတော့တယ်
နီစင်ချင် ဆိုတဲ့ကောင်မလေးဟာ ၀ိညာဉ်ပါ..သူဟာ စိတ်ကောင်းရှိပေမယ့် သူ့ကိုချုပ်ကိုင်ထားတဲ့
မကောင်းဆိုးဝါးကြီးကြောင့် လူတွေကို ခန္ဒာ နဲ့ လိုက်မြူဆွယ်ပြီး..မကောင်းဆိုးဝါးကြီးအတွက်သတ်လို့
ရအောင်လုပ်ပေးနေရပါတယ်...အူကြောင်ကြောင်နိုင်လှတဲ့ လင်ချိုင်စံ.ကိုတွေ့တဲ့အခါမှာ
သူ့မှာ လူကောင်းလေးကိုမသတ်ရက်လို့..မကောင်းဆိုးဝါးကြီးကိုအကြောင်းမကြားပဲလွှတ်ပေးလိုက်တဲ့
နောက်ပိုင်းကနေစပြီး..ရင်နင့်ဖွယ်..အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်လာရပါတယ်..

( 1987 ခုနှစ်က ထွက်ရှိထားတာဖြစ်ပေမယ့် Bluray720p ကိုရအောင်ရှာပြီး တင်ဆက်ပေးထားပါတယ် )
ခေတ်ကာလများ ကွာခြားမှုကြောင့်ဒီဘက်ခေတ် Bluray Version များလောက် ရုပ်ထွက်သိပ်

မကောင်းခဲ့ရင်သည်းခံကြပါလို့မေတ္တာရပ်ခံပါတယ် )

အားပေးမှုအပေါ်မူတည်လို့ နံပါတ် ၂ ဆက်လုပ်မလုပ် ဆုံးဖြတ်သွားပါမယ်.

Filesize : 821 MB
Quality : 720p

Format : mp4
Run Time : 1h 38min
Subtitle : Myanmar Subtitle (Hardsub)
Translated By LK And Nyi Than Lwin
Encoded By LK


channelmyanmar.com

No comments:

Post a Comment